ylliX - Online Advertising Network

BRICS ဝင်တာကအားလုံးအတွက်ကောင်းဖို့ပါ–အင်ဒိုဝန်ကြီး | Popular


ဂျကာတာ၊ဇန်နဝါရီ ၁၁

အင်ဒိုနီးရှားကို BRICS ၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံအတွက်သာမက ဒေသတွင်းနှင့်တစ်ကမ္ဘာ့လုံးအတွက်ပါ ရလဒ်ကောင်းများဖြစ်လာစေလိမ့်မည်ဟုအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုကပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ် ဘရာဇီးလ်နိုင်ငံကတာဝန်ယူဆောင်ရွက်ပြီးနောက် အင်ဒိုနီးရှားကို BRICS ၏တင်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေငြာခဲ့သည်။

“အခုလိုအဖွဲ့ဝင်ဖြစ်လာဖို့ဆိုတာ ညတွင်းချင်းချလို့ရတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊အင်ဒိုရဲ့ သံတမန်ရေးရာကြိုးပမ်းမှု၊ဇွဲရှိမှုနှင့်သန္နိဌာန်စိတ်ကြောင့်ပဲဖြစ်ပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်အနေဖြင့် အင်ဒိုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း အကျိုးစီးပွားများအတွက် ပေါင်းကူးကူညီပေးရန် ရည်ရွယ်ထားပြီး ပထဝီဝင်စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကိုဖြေလျှော့ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဘရာဇီးလ်၊ရုရှား၊အိန္ဒိယနှင့် တရုတ်နိုင်ငံများဖြင့် ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော BRICS အဖွဲ့သို့ ၂၀၁၀ ခုနှစ်တွင် တောင်အာဖရိကဝင်ရောက်လာခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၁၀ နိုင်ငံရှိလာပြီဟုလည်းသိရသည်။

Source : ရှင်းဟွာ



Source link

Leave a Reply

Your email address will not be published. Required fields are marked *