လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံး၊ အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့နှင့် ပူးပေါင်း၍ (၉-၁-၂၀၂၅)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(ဘားကပ်)စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းဆရာ/မ (၁၀)ဦးနှင့် ကျောင်း သား/သူ (၂၇၀)ဦး၊ စုစုပေါင်း (၂၈၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးကိစ္စရပ်များ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ဝင်ဆံ့ပေါင်းစည်းပေးခြင်း၊ ထူထောင်ပေးခြင်းကိစ္စရပ်များနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အမှတ် (၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံးမှ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အမှတ် (၇၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉) မျိုး အသိပညာပေးလက်ကမ်းစာစောင် (၄၅၀)စောင်အား ကျောင်းသား/သူများထံ ဝေငှပေးခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး (တိုင်းရင်းသားဘာသာစကား) လက်ကမ်းစာစောင်(၁၀၀)စောင်အား ပေးအပ်ခြင်း၊ ကျောင်းဝန်းအတွင်း မီးဘေးအသိပညာပေး (၄x၅) ပေ ဗီနိုင်းပိုစတာ ကပ်နှံနိုင်ရေးအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းစသည်တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_jan_2025
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)