ylliX - Online Advertising Network

မလေးရှားမှာ သုံးရက်ဆက် မိုးကြီးမည် | Popular


မလေးရှားနိုင်ငံတစ်ဝန်း ပြည်နယ်များစွာတွင် ဇန်နဝါရီ ၁၅ ရက်မှစတင်၍ သုံးရက်ဆက် မိုးကြီးမည်ဟု ခန့်မှန်းထားကြောင်း မလေးရှားနိုင်ငံ မိုးလေဝသဌာနက ပြောကြားလိုက်သည်။

မုတ်သုံလေအားကောင်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်း မိုးကြီးမည်ဟု မျှော်မှန်းကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ချက်တွင် မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း မလေးရှားကျွန်းဆွယ်ရှိ ပြည်နယ်အများအပြား၊ ဆာရာဝပ်ပြည်နယ် တောင်ပိုင်းနှင့်အနောက်ပိုင်း ဧရိယာများအပြင် ဆာဘားပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်ထားသည်။

နောက်ဆုံးပေါ် မိုးလေဝသခန့်မှန်းချက်ပုံစံများကို လေ့လာသုံးသပ်ချက်အရ ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အတွင်းဖြစ်ပေါ်သည့် မုတ်သုံလေလှိုင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် ရက်ဆက်မိုးကြီးမည်ဟု ခန့်မှန်းထားသည်။

ပြည်သူများအနေဖြင့် မိုးလေဝသဌာန၏ ဝက်ဘ်ဆိုက်နှင့် တရားဝင် ဆိုရှယ်မီဒီယာအကောင့်များ၊ ချန်နယ်များအပြင် myCuaca အက်ပ်တို့ကို ဒေါင်းလုဒ်လုပ်၍ နောက်ဆုံးဖြစ်‌သော၊ တိကျသော သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်ကြရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အကြံပြုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်



Source link

Leave a Reply

Your email address will not be published. Required fields are marked *