-ဇန်နဝါရီလ ၁၁ ရက် ၁၄၄၀ နာရီတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာနေ မြင့်နိုင်ဦး(၄၇)နှစ်သည် ဇနီး ဖြစ်သူ စန်းစန်းသွယ်(၄၅)နှစ်နှင့်အတူ ကျေးရွာအရှေ့ဘက် ဇင်းဘာတောင်ရှိ ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဥယျာဉ်ခြံအနီးအရောက်၌ အကြမ်းဖက်အဖွဲ့မှထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ မြင့်နိုင်ဦး တွင် ယာခြေကျင်းဝတ်ပြတ်တောက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။
-ဇန်နဝါရီလ ၁၁ ရက် ၁၂၁၅ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုဓမ္မာလမ်း၊ ရထားသံလမ်းကြား ငမိုးရိပ် ချောင်းလက်တက်အတွင်း မသင်္ကာဖွယ်ရာ အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်း အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အထုပ်အတွင်းမှ လက်ပစ်ဗုံး ၇ လုံး (စနက်တံပါ)အား တွေ့ရှိခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ကြိုးတံတားအနီး၌ အတားအဆီးပြုလုပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ။
-ဇန်နဝါရီလ ၁၁ ရက် ၁၃၃၀ နာရီတွင် ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာအား PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၂ စင်းဖြင့် Drop Bomb ၄၀ လုံးအား ၁၀ ကြိမ် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်း/အပြင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပိတီဖြိုး(၁၁)နှစ်တွင် ဝဲပါး၊ နားထင်ဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျေးရွာဆေးပေးခန်း၌ ဆေးကုသ လျက်ရှိကြောင်း သိရှိရ။
-ဇန်နဝါရီလ ၁၁ ရက် ၁၃၀၀ နာရီတွင် စလင်းမြို့နယ်၊ ပုရပိုက်တန်းကျေးရွာနေ နွယ်နီဝင်း(၅၀)နှစ်နှင့် တူမဖြစ်သူ နွေးနွေး (၃၀)နှစ်တို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ၎င်းတို့အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နွယ်နီဝင်းတွင် ယာဒူးအစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)၊ နွေးနွေး (၃၀)နှစ်တွင် ယာခါးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရှိရ။