ylliX - Online Advertising Network
KNU ဘက်ကသူတစ်ဦးကို သတ်ပြီး နာရွက်တံတွေးစွတ်လိုက်တဲ့ KTLA

KNU ဘက်ကသူတစ်ဦးကို သတ်ပြီး နာရွက်တံတွေးစွတ်လိုက်တဲ့ KTLA








အသတ်ခံထားရသည့် KNU မြို့နယ်တရားသူကြီး၏ သား ရုပ်အလောင်းကို ရက်ပေါင်း ၂၀ ကျော်အကြာမှ တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရေးသားဖော်ပြနေကြသည်။

ယင်း အသတ်ခံရသူမှာ KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ၊ လယ်ဒိုစိုး(ထားဝယ်)မြို့နယ် တရားသူကြီး စောကဲဒို ၏ ဒုတိယမြောက်သားလည်းဖြစ်၊ KNU တပ်မဟာ ၄ ၏ တပ်သားဟောင်းလည်းဖြစ်သူ အသက် ၂၈ နှစ်အရွယ် စောကညောဒိုစိုးဖြစ်ပြီး ဇနီးနှင့် အသက် ၂ နှစ်အရွယ် သားတစ်ဦးရှိကြောင်း သိရသည်။

စောကညောဒိုစိုး ပျောက်ဆုံးနေသည်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် နေအိမ်က ထွက်သွားပြီးကတည်းက ဖြစ်ပြီး သူ၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်တွင် ထားဝယ်အရှေ့တောဒေသ၊ ဝကုန်းကျေးရွာ ရေတွင်းထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေတွင်းထဲတွင် အလောင်းတစ်လောင်းတွေ့ရှိကြောင်း သိရှိရာမှ ဆယ်ယူလိုက်ချိန် စောကညောဒိုစိုး၏ ဖိနပ်၊ မှတ်ပုံတင် ၊ ဆိုင်ကယ်တို့ကိုတွေ့ရှိခဲ့ရကြောင်းနှင့် ရုပ်အလောင်းမှာ အရိုးချည်းသာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။

ဆယ်ယူရရှိသည့် အရိုးချည်းသာကျန်တော့သောအဆိုပါ အလောင်းတွင် လည်ပင်းအရိုးကျိုးဒဏ်ရာ၊ ဦးခေါင်းခွံ ကွဲ အက်ဒဏ်ရာနှင့် ပြတ်ထွက်နေသော အရိုးများကိုလည်းတွေ့ရကြောင်း၊ အရိုးချည်းသာ ကျန်နေသည့်အလောင်းတွင် စည်းထားသည့် ကြိုးများကိုလည်းတွေ့ရသောကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ကာ ကြိုးဖြင့်တုပ်ချည်၍ ရေတွင်းထဲသို့ ပစ်ချခဲ့ဟန် ဒေသခံများက သုံးသပ်နေကြကြောင်း သိရသည်။

စောကညောဒိုစိုး၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ သတ်ဖြတ်မှုမှာ KNU/ KNLA လက်နက်ကိုင်များကို မကြာခဏတိုက်ခိုက်သတ်ဖြတ်နေသည့် ကော်သူးလေး အာမီ-KTLA ၏ လက်ချက်ဖြစ်ကြောင်း KNU တပ်မဟာ (၄)၏ ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ပြောကြားသည်ဟု ကရင်သတင်းများက ဖော်ပြထားကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း အခြေစိုက်ထားသည့် ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံအချို့ကို မတရားဖမ်းဆီး သတ်ဖြတ်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သည်များရှိကြောင်းလည်း လူမှုကွန်ရက်တွင် ရေးသားနေကြသည်။

CRD//




Source link

Leave a Reply

Your email address will not be published. Required fields are marked *