နယ်ဒါးမြရဲ့ KTLA ကတော့ KNU ကို အကြိမ်ကြိမ်သွေးတိုးစမ်းပြီး စိန်ခေါ်နေပြီ…ပြီခဲ့တဲ့ရက်ကလည်း ထားဝယ်-ထီးခီးလမ်းပေါ်မှာ KNU အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကို KTLA ကချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် KNU ဘက်က ဒုတပ်ခွဲမှူးဆိုသူတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်… KNU အနေနဲ့ ကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေကိုအကြိမ်ကြိမ်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ပြီး သွေးတိုးစမ်းစိန်ခေါ်နေတဲ့ KTLA ကို ပြတ်ပြတ်သားသားမချေမှုန်း မတုံ့ပြန်သေးသရွေ့ကတော့ ဒီလိုမျိုးဖြစ်စဉ်တွေ မကြာခဏကြုံနေရဦးမှာပဲဖြစ်ပါတယ်…crd Source link
ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁ ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသည့် တပ်သားများကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ကြိုဆိုပွဲ နှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကထုတ်ပြန်ခဲ့သည်။ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တစ်လျှောက်ကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်းမှာ ယခုအခါ ကုန်သွယ်ရေးလမ်းကြောင်းကို မထိန်းချုပ်နိုင်ရုံမျှမက KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူများပြားလာပြီး ရိက္ခာပြတ်လပ်မှုများလည်း ကြုံတွေ့နေရကြောင်းသိရသည်။ ထို့ပြင် မြေပြင်တွင်လည်း ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ထားသည့်အတွက် စစ်ကောင်စီက လေကြောင်းမှသာ ရိက္ခာထုတ်များကိုချပေးနိုင်ပြီး ရိက္ခာခြောက်အများစုမှာလည်း အရာရှိများသာစားသောက်နေပြီး အောက်ခြေတပ်သားများမှာ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် သုံးဦးဝေမျှစားသောက်နေရကြောင်းလည်း သိရသည်။ အဆိုပါ အခြေအနေများကြောင့် […]
ယမန်နေ့(ဒီဇင်ဘာ ၃၀) နံနက်ပိုင်းက ကရင်ပြည်နယ်တစ်နေရာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ကြေညာချက် ထုတ်ပြန်သည်။ ဖာပွန်မြို့နယ်ဝန်းကျင်ဒေသ ဖြစ်သည့် KNU ၏ မူတြော်ခရိုင်၊ နိုဖော်ထီးကျေးရွာတွင် ကျင်းပသည့် အခမ်းအနားအပြီး ပျော်ပွဲရွင်ပွဲနှင့် အားကစားပွဲကို စစ်ကောင်စီက ဗုံကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိဖြင့် စော်ကားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ကရင်လူမျိုးများ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူများ သွေးစွန်းညစ်ထေး သေကြေပျက်စီးစေရန် ရည်ရွယ်သည့်လုပ်ရပ်ဖြစ်သည်ဟု KNU ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိခိုက်မှုအခြေအနေကို ကြေညာချက်တွင် ထည့်သွင်းမထားသော်လည်း အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲကျင်းပသည့်နေရာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း […]
မာနယ်ပလောဒေသကို ၁၉၇၅ ခုနှစ်တွင် KNU ၏ ဌာနချုပ်နေရာအဖြစ် တည်ထောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးကို အခြေစိုက်ခွင့်ပြုခဲ့သည်။ Source link
ဖာပွန်မြို့နယ်ရှိ အရေးပါသည့် စစ်စခန်းတစ်ခုကို KNU နှင့် ပူးပေါင်းတပ်များက ၈ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းနိုင်ခဲ့သည်၊ လက်နက်အများအပြားလည်း ရခဲ့သည်ဟု သိရသည်။ Source link
ဒီဇင်ဘာ ၉ ရက်နေ့တွင် ဖာပွန်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဘောကထရွာ သံဆိပ်စခန်း၏ တောင်ဘက်သို့အရောက် နေရာ ၂ နေရာမှ KNLA တမဟ(၃)၊ ရင်း(၉)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ- အကြမ်းဖက်အလောင်း -၁ လောင်းအမေရိကန်နိုင်ငံထုတ်- MD-15 ၁ လက်ကျည်အိမ် -၂ ခုကျည် -၄၀ တောင့်၄၀ မမဗုံးသီး -၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Source link
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁လတာတိုက်ပွဲတွေအတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာဌာနချုပ် က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ(၁)ရက်နေ့ကနေ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာ၊ ပူးပေါင်းတပ်မဟာ၊ မဟာမိတ်စစ်သည်တော်များနဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း(၄၃)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၁ဦး၊ ဒုတပ်ရင်းမှူး ၁ဦးအပါအဝင် စစ်သား(၈၈)ဦးသေဆုံးသွားကာ (၁၃)ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ လထဲမှာပဲ စစ်ကောင်စီရဲ့ ကူးဆိပ်နဲ့ မထောစခန်းကိုလည်း အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။တစ်လတာအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီး(၁၆)လုံးကြဲချခဲ့ရာ အပြစ်မဲ့ပြည်သူများနေထိုင်ရာရပ်ရွာနဲ့ လုပ်ကိုင်စားသောက်ရာနေရာအတွင်းသို့ ဗုံးဆံ(၃)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ Continue Reading Source link
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မယ့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနဲ့ တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မယ်လို့ အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နဲ့ ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ် ခံရမယ့် တရားခံ မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလား တူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနဲ့အညီ ICC၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားများတွေကတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမယ်လို့ မနေ့က နိုဝင်ဘာ ၃၀ရက်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။ […]
မြဝတီ-ကော့ကရိတ် (အာရှလမ်း) တစ်နေရာတွင် KNU အလောင်းများ ကောက်မည့်သူမရှိဘဲ ပုပ်စော်နံ၍ လောက်တက်နေကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရပါတယ်။ အကြမ်းဖက်သမားတွေ နေရတော့လည်း တောထဲတောင်ထဲ သေရတော့လည်း လူမသိ သူမသိတဲ့အပြင် အလောင်းတွေကိုလည်း ကောက်မယ့်သူမရှိဘဲ လောက်တောင်တက်နေရတဲ့ အဖြစ်…. ဘယ်လောင်တောင် လူဖြစ်ရှုံးလိုက်တဲ့ ဘဝတွေလဲ? Source link
နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ မထောစခန်းနှင့် အင်ကုန်းကာကင်းများသို့ ရန်သူအင်အား(စိစစ်ဆဲအဖွဲ့က) ဒရုန်း ၂ စီးဖြင့် (၅) ကြိမ် Drop Bomb ဖြုတ်ချတိုက်ခိုက်၍ လည်းကောင်း KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး/ငယ် များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ရန်သူအား ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ- ရန်သူ့ Drone ၁ စီးအမ်(၄) ၁ လက်ကျည်အိမ် ၁ ခုကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရသည်။ Source link