ylliX - Online Advertising Network

ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်း၏၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ


တာမွေ၊ ဇန်နဝါရီ  ၁၃

“ မိဘများ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ ”စုံညီစွာ ကျင်းပကြသည့် ပညာရေးစုံညီပွဲတော်များကို နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများက ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ “ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “ မင်္ဂလာပါ ” သီချင်းဖြင့် နံနက်ခင်းကို ကြိုဆို၍လည်းကောင်း၊ “ စံကားဝါမြေ ” သီချင်းဖြင့် ဧည့်ခံ၍လည်းကောင်း၊“ ခေတ်ငါးခေတ် ”  သီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေ၍လည်းကောင်း၊ ရခိုင်တိုင်းရင်းသားတို့၏ “ ဆီမီးခွက်အက ” ဖြင့် ကပြဖျော်ဖြေ၍ လည်းကောင်း၊ “ နှစ်ပါးသွားပြဇာတ် ” အကအလှများဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း အသီးသီး တင်ဆက်ခဲ့ကြ သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်းကြီးကြပ် အကဲဖြတ်) ဆရာကြီး ဦးဟန်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ဌေးက ကျောင်းတော်ကြီး၏ တစ်နှစ်တာစီမံခန့်ခွဲမှုနှင့် ကျောင်းလုပ်ငန်းစဉ်များကို လည်းကောင်း၊ ကျောင်းတော်ကြီး၏ ပဲ့ကိုင်ရှင် ကျောင်းတည်ထောင်သူ ဆရာမဒေါ်စုရည်လင်းထက်က ပွဲကျင်းပ ရခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း မုဒိတာစကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ဂုဏ်ထူးရှင်၊ လူရည်ချွန်၊ လူရည်မွန်များကို ဆုတံဆိပ်နှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုတံဆိပ် ရရှိကြသူများကိုယ်စား ၂၀၂၄-ခုနှစ် ဗဟိုအဆင့် တစ်ထပ်ကွမ်း လူရည်ချွန် မခင်သီရိနိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ချစ်စရာအက၊ အလှအပများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် အထက်တန်းအဆင့် ပညာရေးဆိုင်ရာ ထူးချွန်ဆုရရှိသော ကျောင်းသား/သူလေးများ၊ အားကစား ထူးချွန်ဆုရရှိသော ကျောင်းသား/သူလေးများ၊ သင်ကြားရေးထူးချွန်ဆုရရှိသော ဆရာ/ဆရာမများနှင့် ဧည့်သည်တော် များအား သက်ဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများနှင့် ဂုဏ်ပြုလက်ဆောင်ပန်းစည်းများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ထို့နောက် “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူလေးများက အက၊ အလှ၊ အနုပညာမျိုးစုံ၊ တိုက်ကွမ်ဒို အားကစားနည်း အပါအဝင် အားကစားနည်းကဏ္ဍ သရုပ်ပြခြင်းတို့ဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ကျောင်း တည်ထောင်သူ ဆရာမဒေါ်စုရည်လင်းထက်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင် အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

နိုင်လင်းအောင်

Join – https://t.me/MyanmarNationalPost



Source link

Leave a Reply

Your email address will not be published. Required fields are marked *