ylliX - Online Advertising Network
မျိုးသန့်ထွန်း(စစ်ကိုင်း) - ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့ လယ်သမားကြီး ဂျင်မီကာတာ (၁၉၂၄-၂၀၂၄)

မျိုးသန့်ထွန်း(စစ်ကိုင်း) – ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့ လယ်သမားကြီး ဂျင်မီကာတာ (၁၉၂၄-၂၀၂၄)


(မိုးမခ) ဇန်နဝါရီ ၁၅ ၊ ၂၀၂၅

အမေရိကန်ပြည်ထောင်စုမှာ အောက်ခြေ တောင်သူလယ်သမားဘဝမှ အမြင့်ဆုံးသမ္မတရာအထူးကို ၃၉ ဦးမြောက် တက်လှမ်းနိုင်သူတွေထဲမှာ ရှားရှားပါးပါး ဂျင်မီကာတာ တစ်ဦးတည်သားရှိပါတယ်။ပြီးတော့သမ္မတ

 ရာထူးမှ အနားယူအချိန်မှာ လူသားအကျိုးကို သက်တမ်းပြည့် ဆောင်ရွက်သွားခဲ့ပါတယ်။ ဂျင်မီကာတာဟာ လူသားချင်း စာနာထောက်ထားမူတွေကို ကိုယ်ချင်စားတရားအပြည့် စိတ်ထားတတ်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ကို လောကကြီးက နှစ်ပေါင်း ၁၀၀ အထိ လူ့သက်တမ်းကြာကြာနေထိုင်ပီး လူ့သားအကျိုးပြုလုပ်ဖို့ သက်တမ်းပေးသွားခဲ့သလားလို့အောက်မေ့မိပါတယ်။ကမ္ဘာမှာ ရှားပါးလူ့သက်တမ်း ၁၀၀ ပြည့် နေထိုင်သွားတဲ့ အမေရိကန်သမ္မတကြီးလို့ ပြောလိုရပါတယ်။ သူ့သက်တမ်းပြည့် နေထိုင်သွားဖို့ရယ် လူသားကောင်းအကျိုးအတွက် အလုပ်လုပ်တဲ့ လူသားတစ်ဦးလို့ဆိုနိုင်ပါတယ်။သမ္မတဂျင်မီကာတာဟာ အသက် ၁၀၀ ပြည့်မှာ ကွယ်လွန်သွားတဲ့အချိန်မှာ စာရေးသူမှာ အမေရီကန်ရဲ့ မြို့တော် နယူးယောက်မြို့ကို ရောက်ရှိနေခဲ့ပါတယ်။ အခုဆို VOA က ထုတ်လွှင့်တဲ့ စျာပနအခမ်းအနားကို ရုပ်အသံကနေ ကြည့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ VOA က သတင်းထောက် မအင်ကြင်းနိုင်မှာ လေက တိုက်တယ်၊ ရာသီဥတုက အေးတယ်။ ကြိုးစားပြီး သတင်းပြောတာကို ကြည့်ရသူအတွက် ဂုဏ်ယူရပါတယ်။

VOA သတင်းထောက် မအင်ကြင်းနိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ သမ္မတဟောင်း ဂျာမီကာတာရဲ့ ဂုဏ်ပြုစျာပန အခမ်းအနားကို တိုက်ရိုက်လွှင့်ထုတ်ပေးတာ တွေ့ရပါတယ်။ VOA က အထူးပြောစရာလိုမယ် မထင်ပါ။ သတင်းထုတ်လွှင့်တဲ့နေရာမှာ ထိထိမိမိ ရှိပါတယ်။ အန္တရာယ်ကြားကအကောင်းဆုံး သတင်းအမှန်အတွက် ကြိုးစားပေးနေတာကို နားလည်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်းအမှန် နီးစပ်ဆုံးထုတ်လွှင့်ပေးတဲ့အတွက် ကျေးဇူးအထူးပါ။ 

အခုအခါ ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ သတင်းဟာ တကမ္ဘာလုံး သင်းပျံ့မွှေးကြိုင်းနေပါတယ်။ သတင်းပေး ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံးမှာ သမ္မတဟောင်း ဂျင်မီကာတာရဲ့ စျာပနအခမ်းအနားကို မြင်ရတော့ စာရေးသူရဲ့ အဖေကို သိပ်သတိရပါတယ်။ အဖေဟာ အမေရိကန် ၃၉ ယောက်မြောက် ဂျင်မီကာတာကို သိပ်ကြိုက်ပါတယ်။

အဖေက ပြောပါတယ်။ ဂျင်မီကာတာဟာ ရိုးသားတဲ့သမ္မတလို့ ပြောပါတယ်။ လယ်သမားကနေသမ္မတဖြစ်တာ သူ တစ်ဦးတည်းရှိတယ်တဲ့။ သူ့ပုံဟာ ကရုဏာပြုံးပိုင်ရှင်လည်း ဖြစ်ပါတယ်။စာရေးသူ အဖေဟာ အမေရိကန်သမ္မတတွေအထဲမှာ အီဗျာဟင်လင်ကွန်နဲ့ ဂျင်မီကာတာတို့ကိုအကြိုက်ဆုံးလို့ ပြောတယ်။ စာရေးသူငယ်ငယ်က စာကြိုက်ပျင်းရင် အဖေက လင်ကွန်အကြောင်းကို ပမာပြုပြောပြလေ့ရှိပါတယ်။ သမ္မတလင်ကွန်ဟာ ဆင်းရဲတယ်။ သစ်လုံးအိမ်မှာ နေရတယ်။ သူ စာကျက်ရင် လမ်းဘေးဓာတ်မီးတိုင်အောက်မှာ စာကျက်ရတယ်။ ဝေးလံတဲ့ ကျောင်းနဲ့ စာကြည့်တိုက်ကို နေ့စဉ် လမ်းလျှောက်သွား စာဖတ်ရပါတယ်။ ဆင်းရဲပင်ပန်းခံနိုင်ရည်ရှိတဲ့ သမ္မတလင်ကွန်အကြောင်းကို မကြာခဏ အဖေ ပြောတာကို ကြားခဲ့ပါတယ်။

အဖေဟာ အမေရိကန် သမ္မတထဲက ဂျင်မီကာတာကို အကြိုက်ဆုံးလို့ ထင်ပါတယ်။ ဂျင်မီကာတာဟာလည်း ဆင်းရဲသား မိသားစုက လာပါတယ်။ မြေပဲစိုက်တောင်သူ ဖြစ်ပါတယ်။ သူဟာ စာဖတ်ဝါသနာပါလို့ ကျောင်းစာကြည့်မှာ နေ့စဉ် ဖတ်လေ့ရှိပါတယ်။ စသဖြင့် ကျနော့်အဖေက လင်ကွန်းအကြောင်းတို့ ဂျင်မီကာတာအကြောင်းတို့ကို အမြဲပြောပြလေ့ရှိပါတယ်။ အဖေဟာ ဂျင်မီကာတာကို ဘယ်လောက်ကြိုက်လဲဆိုရင် ဂျင်းဘောင်ဘီးအပြာနဲ့ ရှပ်လက်ရှည်အပြာကို ဝတ်လေ့ရှိပါတယ်။ ဂျင်မီကာတာကို ရိုးသားတဲ့ အမေရိကန်သမ္မတကွ”လို့ အဖေက မကြာခဏ ပြောလေ့ရှိပါတယ်။ အဲဒီအချိန်က စာရေးသူဟာ ငယ်တော့ သိပ်မသိခဲ့ပါဘူး။ ကြီးပြင်းလာတော့မှ အဖေ ပြောတာ ဟုတ်ပါလားလို့ ဖြစ်လာပါတယ်။ အခုမှာ အမေရိကန်ပြည် နယူးယောက်မြို့မှာ နေတော့မှ သမ္မတ ဂျင်မီကာတာ အကြောင်းနဲ့ ကျနော့်အဖေ ပြောခဲ့တာတွေဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါတော့တယ်။ ကျေးဇူးတင်ပါတယ် အဖေ။

ဂျင်မီကာတာဟာ ဂျော်ဂျီယာပြည်နယ်၊ ပလိန်းစ်မြို့မှာ ၁၉၂၄ က မွေးပါတယ်။ ရေတပ်ထဲကို ၁၉၄၆ က ဝင်ရောက်ခဲ့ပါတယ်။

ဂျင်မီကာတာဟာ ၁၉၅၀ နောက်မှာ စစ်တပ်အရာရှိကနေ ၁၉၆၀ ကျော်လောက်မှာ အလုပ်က ထွက်လာပြီး စိုက်ပျိုရေအလုပ်ကို တစိုက်မတ်မတ် လုပ်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါမို့ တောင်သူလယ်မား မိးသာစုလည်း ဖြစ်ပါတယ်။ မြေပဲစိုက်တောင်သူလယ်သမားမို့ မြေရဲ့အကြောင်း တောင်သူလယ်လုပ်သမားတွေရဲ့အကြောင်းကို ပြည့်ပြည့်ဝဝ နားလည်းနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ရိုးသားမူဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ တည်ရှိပါတယ်။ မြင်ရသူတိုင်းက မဟုတ်တာ မလုပ်တဲ့လူဟု ပြောနိုင်ပါတယ်။ သူ ၁၉၇၀ နောက်ပိုင်းမှာ သူ နေထိုင်တဲ့ ဂျော်ဂျီယာမှာ လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာ သူ့ပြည်နယ် ကောင်းစားဖို့မဟုတ်ဘဲ နိုင်ငံတစ်ခုလုံး ကောင်းစားဖို့ အလုပ်ကြိုးစားခဲ့ပါတယ်။ 

ဒီလိုနဲ့ စိတ်နေစိတ်ထား ကောင်းမွန်တဲ့ ဂျင်မီကာတာဟာ သူ့ဘဝကို လှေကားထစ် တက်လှမ်းပြီး အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူ သမ္မတဖြစ်ချိန်ဟာ အမေရိကန်မှာ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၉၇၈ မှာ ရရှိခဲ့ပါတယ်။ ဒါဟာ သူ့အတွက် အောင်မြင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ သူ့ရဲ့ မအောင်မြင်တဲ့အချက်ကတော့ ၁၉၇၉ က အီရန်မှာ အမေရိကန်သား ဓားစာခံတွေကို ကယ်ထုတ်တဲ့အခါ အမေရိကန် ၈ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာလည်း သူ့အတွက် ကြိုးစားခဲ့သော်လည်း မအောင်မြင်တဲ့အရာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူ့ကို အဲဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်ကမေးမြန်းတဲ့အခါ သူက အဲဒီအချိန်က လေယာဉ်ပျံကောင်းကောင်းရှိရင် ကောင်းမှာ” လို့ ရယ်မောစွာ ပြန်ဖြေခဲ့ပါတယ်။ 

လယ်သမားကြီးဂျင်မီကာတာဟာ သမ္မတ မဖြစ်ခင်မှာ မြန်မာပြည်က ဦးသန့်က ကမ္ဘာကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများစွာ ထမ်းဆောင်နေပါတယ်။ ဒီနေရာမှာ မြန်မာပြည်က ဦးသန့်အကြောင်းကို ဂျင်မီကာတာက ကောင်းကောင်းကြီး သိထားပုံရပါတယ်။

သမ္မတဂျင်မီကာတာဟာ ဆင်းရဲသား လယ်သမား မိသားစုမှ ၁၉၂၄ မှာ မွေးဖွားလာသူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်က ဂျော်ဂျီယာပြည်သား တစ်ဦး ဖြစ်ပါတယ်။ မြေပဲစိုက်တောင်သူလယ်သမား မိသားစုမှ ဆင်းသက်လာခဲ့ပါတယ်။ ရိုးသားတဲ့ တောင်သူလယ်သမားဖြစ်ပေမယ့် မြင့်မြင့်ကြံတဲ့ လူသားတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေဘက်က ထာဝရရပ်တည်နေသွားခဲ့တဲ့ လူသားတစ်ဦးအဖြစ် ကမ္ဘာက အသိမှတ်ပြုနေခဲ့ကြပါတယ်။

သူဟာ သမ္မတဘဝ ပြီးနောက် သူ့ဇနီးနဲ့အတူ ဂျော်ဂျီယာမှာ သာမန်အိမ်ကလေးတစ်လုံးနဲ့ နေထိုင်ခဲ့ပါတယ်။ ဈေးချတဲ့ စူပါမတ်ကက်တွေမှာ ဈေးဝယ်ပါတယ်။ သူ့ဇနီးနဲ့ အတူ လူသားကောင်းအကျိုးတွေကို ၁၉၈၄ လောက်က ပရဟိတလုပ်ခဲ့ပါတယ်။

သူတို့ဟာ စာကြည့်တိုက်ကို စတင်ထူထောင်ပါတယ်။ သူ့ပြည်နယ်လေးမှာ အများအကျိုးအတွက် စာကြည့်တိုက် ထူထောင်ပေးတာဟာ နတ် လူ သာဓုခေါ်နိုင်ပါတယ်။ သူ့စာပေစိတ်ဓာတ်ကိုလည်း လူသားအားလုံးက တန်ဖိုးထားနေကြပါတယ်။ နောက်ပိုင်းမှာ Carter Center ကို ထူထောင်ပြီး ဆင်းရဲသားပြည်သူတွေရဲ့ ကျန်းမာရေး၊ ပြည်သူလူထုဘဝတွေကိုလည်း မြှင့်တင်ပေးခဲ့ကြပါတယ်။အိမ်ရာတွေ ဆောက်ပေးတာကအစ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ အလုပ်တွေကို ကုသိုလ်ဖြစ် လုပ်ပေးခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံအချို့ကို သွားရောက်ပြီး လူသားကောင်းအကျိုးအတွက် ကူညီပေးခဲ့ပါတယ်။ 

မြန်မာပြည်ကို ၁၉၁၃ လောက်မှာ သူ့ရဲ့ The Elders အဖွဲ့က ငြိမ်းချမ်းရေးကိစ္စများကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ဒီ့ပြင် မြန်မာပြည် ရွေးကောက်ပွဲ တရားမျှတမူရှိအောင်လည်း ကူညီခဲ့ပါသေးတယ်။

ဂျင်မီကာတာရဲ့ ဆောင်ရွက်ချက်များဟာ ဗုဒ္ဓဘာသာတရားဘက်က ကြည့်ရင် ကုသိုလ်အရေးလက်မနှေး လက်တွေ့ဆောင်ရွက်ခဲ့သူပါ။ ဘယ်ဘာသာတရားက ကြည့်ကြည့် လူ့သားကောင်းအကျိုးပြုသူများကို ဘုရားက နှစ်ကြိုက်နေပါလိမ်မယ်။ အခုလို ၂၄ ဒီဇင်ဘာလ ၂၀၂၄ နေ့က ဘဝတစ်ပါးသို့ ပြောင်းလဲသွားတဲ့ အမေရိကန်သမ္မတဟောင်း ဦးကြီး ဂျင်မီကာတာဟာ ကောင်းမွန်သောဘုံဘဝကို ငြိမ်းချမ်းစွာ ရောက်ရှိပါစေလို့ ဆုမွန်တောင်းလိုက်ရပါတယ်။ 

ဦးကြီးဂျင်မီကာတာ အေးချမ်း ငြိမ်းချမ်းပါစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *