(မိုးမခ) ဇန်နဝါရီ ၁၅ ၊ ၂၀၂၅
မန်းပီဒီအက် သင်တန်းဆင်းဗီဒီယို ကြည့်ရတာ အရသာရှိလိုက်တဲ့ ဖြစ်ခြင်း။
“တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ” ဆိုတဲ့ နတ်သျှင်နောင် သီချင်းသံတောင် သူ့အလိုလို လျှံဆင်းကျလာသလား ထင်ရ။ ခု လှိုင်းအထပ်ထပ် တိုက်ပွဲပြန်သူရဲများနဲ့ စစ်ကိုင်းတပ်မဟာ ဖွဲ့အုံးမတဲ့။ ဝဲယာအစုံ လေထီးခုန်ပြီး နမခရော လပခရော ရေနွေးဖျောတော့မယ်။
ဒီရက်ပိုင်းများ အညာအရပ်ဆီကကို စစ်ကြောင်းလိုက် ဖြုတ်သံတွေကလဲ တဖုတ်ဖုတ်။ ခြွေရက်တဲ့ ကြွေရွက်ကလေးတွေပေါ့။ သေဖက်မှာ နေထွက်မိသူများလေ။ ပြည်လုံးအနှံ့ အလင်းဝင်တွေကလဲ အတင်းပင် အဖြူရောင်မှန်သမျှကိုင်ဆွဲ ဝင်လာမစဲ တသဲသဲ။ ထွက်ပြေးတွေကလဲ တွက်ရေးကိုမလွယ်၊ မရေနိုင် မတွက်သာ။ စခန်းသိမ်းတာတွေကလဲ တဂျိမ်းဂျိမ်း။ တဖက်မှာတော့ မင်းကြောင်လှိုင်ကို သေရက်ရထားတဲ့လူနာ ကြိုက်တာပေါ့ဆိုပြီး လွှတ်ထိန်းလုပ်ထားသလို ဂေါက်ပေါရဲ့ စောက်ပြောတွေဆိုတာ သူတို့လူတွေတောင် ငါ ဖေ ကိုင်တုတ်ကြတဲ့အထိ၊ ဟိုကောင်က တတုံးမျိုလိုက် အူလိုက်လုပ်နေတာကို မချိပြုံးနဲ့ သွေးဆုံးနေကြရ။
အမှန်ကတော့ အောက်က ဗိုလ်ချုပ်ကြီးတွေက မအလ ထွက်မပြေးအောင် မျက်လှည့်ပြထားတာ။ အဲဒါကို မသိသားဆိုးဝါးငလှိုင်က သူ့သားအသနီလန်ကို VPN ရောင်းခိုင်းထားလိုက်သေး။ ဆွေးနွေးရေးစကားပြောထားတဲ့ အီးအာအိုတွေလဲ မီးစာကို မြှင့်ပြီ၊ သူတို့ ဝတ္တရားကုန်ပြီဆိုတဲ့သဘော ထုတ်ပြောကြပြီ။ တင်နီလာအေးကလဲ ခွေးမျိုးတုံးမတဲ့။ ခိုင်သုခကလဲ လှိုင်ပုကွကို ကိုင်ထုပြမတဲ့။ ကချင်မှာလဲ ပေါင်းတင်းဖုတ်သလိုကို ဖုတ်နေတာ၊ မံစီမှ ဗန်းမော်၊ ကြားလား။ ဗန်းမော်က မြစ်ကြီးနား ကြားလားနဲ့ မပခနားတောင် ရောက်တော့မယ်။ တရုတ်ကလဲ လွတ်လပ်ရေးနေ့တောင် စာမပို့တော့၊ ဘာမို့ဒင်းကို ဆက်ကျွေးတော့မတုံး၊ ဆန်ကုန်မြေလေး မအေဘေး ခွေးသေဝက်သေ သေပေတော့ဆိုပြီး ပေယျာလကန် ထားလိုက်တဲ့ပုံ။ ဝက်သိုး တက်ရိုးထားတဲ့ မျက်နှာနဲ့ဇော်မဲလုံးလဲ ကျပြီးရင်း ရှုံးလိုက်၊ ရှုံးပြီးရင်း ကျလိုက် ဆိုတော့ သတင်းမှန်သမျှ ဖုံးနေရလို့ ဘာမှသတင်းမရှုပ်ရဲတာတောင် ကြာပေါ့။ အဲဒီမှာ ဘောမတွေက အလိုက်ကန်းဆိုးမသိ လျှောက်အာတော့ မထောက်ညှာနိုင်ဘဲ အချင်းချင်း ဖမ်းလားဆီးလား လုပ်နေရ။ ဘောမပေးမယ့်သူ မရှိပြန်တော့ ပြန်လွှတ်ရနဲ့ ဘောလည်နေချက်။ ခုဆို Non တွေလဲ ခိုးကြောင်ခိုးဝှက် ရုံးတက်၊ ခရီးထွက်စရာလဲ မြေမရှိ၊ မှတ်ပုံတင်အတုနဲ့ ဘဝတွေ ဂိ နာ။ ဒါ လက်ရှိ မြေပြင်အနေအထား။
ဧရာတိုင်းသားတွေကလဲ ရေပြင်အနေအထား အသစ်ဖန်တည်း လှိုင်းစီးတော့မယ်။ မအလတပ်ကွန်းခိုဖို့ စဉ်းစားခဲ့တဲ့ ဧရာတိုင်းဟာ ခုဆို သေရွာသင်္ချိုင်း ဖြစ်ပလေ။ AA ကလဲ တောင်ပေါ်မှာ အပြောင်ဆော်ပြီး သောင်ရပ်ဆီ ဖောင်ကပ်ပြီ။ ကပစတွေကို AAနဲ့ မဟာမိတ်တွေ ကလကာ(ကုလားကာ) ပိတ်လိုက်ရင် လေပြင်အနေအထားပါ ကြွေကစားလို့ ရပြီ။ လမ်းကြောင်းတွေဖြတ်တောက်ထားလို့ စားရေရိက္ခာ ပြိတ္တာဖြစ်ရုံတင်မက ခဲယမ်းပါ မရရင်တော့ လက်နက်ချတာထက် တပ်တွင်းသူပုန် ထရက်တောင် လက်ချိုးရေလို့ ရပြီ။ ဗိုလ်ချုပ် ဆိုတဲ့ အကောင်ပလောင်တွေ အမြီးထောင် ပြေးရမယ့်ရက် ပြက္ခဒိန်မှာ အကွက်ချိန်ထားလိုက်တော့။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar