ylliX - Online Advertising Network

အမေရိကတွင် TikTok ဝန်ဆောင်မှု ကွယ်ပျောက်တော့မည် – Popular




တရုတ်ပိုင်ဆိုင်သည့် အက်ပ်သည် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သည်ဆိုကာ အမေရိကန်ပြည်ထောင်စုတွင် ပိတ်ပင်ရမည်ဖြစ်သောကြောင့် သန်း ၁၇၀ သော အမေရိကန်အသုံးပြုသူများအတွက် တနင်္ဂနွေနေ့မှစကာ ၎င်းတို့ဝန်ဆောင်မှု ကွယ်ပျောက်ရတော့မည်ဟု TikTok က သောကြာနေ့တွင် ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် TikTok ဝန်ဆောင်မှုများကိုပေးခြင်းအတွက် အက်ပဲလ်၊ ဂူးဂဲလ်နှင့် အခြားကုမ္ပဏီများကိုမူ အပြစ်ပေးမည်မဟုတ်သော ဘိုင်ဒင်အစိုးရသည် အက်ပ်ကို အာမခံချက်မပေးပါက စိတ်မကောင်းစွာဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ကွယ်ပျောက်လိုက်ရတော့မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ပြောဆိုခဲ့သည်။

TikTok အနေဖြင့် ဥပဒေကြောင်းအရ လွတ်ငြိမ်းသက်သာခွင့်ရှာကာ အစိုးရအဖွဲ့ကို ဖိအားပေးရန် နောက်ဆုံးအချိန်အထိ ကြိုးပမ်းခဲ့သော်လည်း တားမြစ်ပိတ်ပင်ခြင်းသည် တနင်္ဂနွေနေ့မှစကာ အာဏာသက်ရောက်စေရမည်ဆိုသည်ကို သောကြာနေ့တွင် တရားရုံးချုပ်ကလည်း ထပ်မံထောက်ခံအတည်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။

ဥပဒေအရ အက်ပ်စတိုးများနှင့် အိုင်တီဝန်ဆောင်မှုပေးသော cloud computing ပေးသူများသည် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance က အက်ပ်ကို တရုတ်မဟုတ်သည့် ပိုင်ရှင်ထံ ရောင်းချခြင်းမရှိခဲ့ပါက TikTok ကို အမေရိကန်သုံးစွဲသူများထံ ပေးအပ်နိုင်မည်မဟုတ်ဟု ဖော်ပြထားသည်။

Ref: ဘန်ကောက်ပို့စ်





Source link

Leave a Reply

Your email address will not be published. Required fields are marked *