ylliX - Online Advertising Network

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေး


ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။

နယ်လှည့်ဆောင်ရွက်ပေးမှုအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၆)ရက်အထိ ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ခြေတုလက်တု ဆောင်ရွက်ရာ၌ ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည် မြို့နယ်တွင် အသေးစားခြေတု၊ လက်တုပြုပြင်ရန်လိုအပ်သူ(၄၄)ဦး၊ တောင်ငူမြို့နယ်တွင် အသေးစား ခြေတု၊ လက်တုပြုပြင်ရန် လိုအပ်သူ(၈၆)ဦး၊ စုစုပေါင်း အသေးစားခြေတု၊ လက်တုပြုပြင်ရန်လိုအပ်သူ (၁၆၅)ဦး တို့ကို ပြုပြင်ပေးခဲ့သည့်အပြင် အသစ်ပြုလုပ်ရန် လိုအပ်သူ (၁ ၂) ဦး ကိုလည်း ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနသို့ လမ်းညွှန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက်သည့် အစီအစဉ်၌ ကွင်းဆင်းအရာရှိတစ်ဦးနှင့်အတူ ခြေတု၊ လက်တုပညာရှင် (၄)ဦးတို့မှ ယင်းမြို့နယ်များအတွင်းရှိ ကြက်ခြေနီ အသင်းခွဲ စေတနာ့လုပ်အားရှင်(၂၀)ဦးတို့ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *