ylliX - Online Advertising Network

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ


မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ဇန်နဝါရီ (၁၈) ရက်မှ (၁၉) ရက်အထိ နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ စိတ်ပါဝင်စားသူမည်သူ မဆို အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်၊ အများပြည်သူ ကျောင်းသားလူငယ်များမှ ထိထိရောက်ရော က် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန်နှင့် အသိပညာများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲ‌တော်၌ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ တက္ကသိုလ်နှင့် ကောလိပ်များ ပြည်တွင်း၊ ပြည်ပမှ တက္ကသိုလ်နှင့် ကောလိပ်များ၊ ပြည်တွင်းမှ ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ ပါဝင်ပြသထားသည်။

ထို့ပြင် အိုင်တီသင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာနှင့် နိုင်ငံခြားတက္ကသိုလ်များ၊ နိုင်ငံခြားသင်ရိုးညွှန်းတမ်းများကို ခင်းကျင်းပြသထားသည့် ကျောင်းများ၊ ကျောင်းနေအရွယ်မှစ၍ ပညာသင်ကြားနိုင်သော နိုင်ငံတကာ ကျောင်းများလည်း ပါဝင်ပြသထားကြောင်း သိရသည်။

ပြပွဲရက်အတွင်း လာရောက်လေ့လာသူများ၊ ကျောင်းသားလူငယ်များကို သက်ဆိုင်ရာ ကျောင်းများမှ ပညာရှင်များက ဆွေးနွေးဟောပြောမည်ဖြစ်ပြီး ကျွမ်းကျင်မှုနှင့် ပညာရေးခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *