ylliX - Online Advertising Network

မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းတင်သွင်းမည် | Popular


မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်နိုင်ရန် စာတမ်းရေးသားပြုစုနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စာတမ်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအပါအဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး NGO များနှင့် ပူးပေါင်း၍ ရေးဆွဲနေပြီး မြန်မာ၊ အင်္ဂလိပ်၊ ပြင်သစ်ဘာသာဖြင့် ရေးဆွဲနေကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုစာရင်းတွင် ပါဝင်ခြင်းဖြင့် မြန်မာ့သနပ်ခါးနှင့် သနပ်ခါးယဉ်ကျေးမှုသည် မြန်မာနိုင်ငံ နှင့် လူမျိုးကို ကိုယ်စားပြုသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် တခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု လေးစားတန်ဖိုးထားလာကြမည် ဖြစ်ကြောင်း သိရသ ည်။

သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *