ylliX - Online Advertising Network

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို | Popular


ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။

လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသော ပါတီ (၁၉) ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လ က် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၅၀) ၊ စုစုပေါင်း (၆၉) ပါတီရှိပြီဖြစ်သည်ဟုလည်း သိရသည်။

လျှောက်ထားသည့် အဖွဲ့များအားလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အရှိန်မြှင့်တင်ကာ လိုအပ်သည်များကို ဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်အပါအဝင် ရွေးကောက်ပွဲတွင် သုံးမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အတွက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းများ ဖွင့်ခြင်းစသည်တို့ကို ဆောင်ရွက်နေသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *