ylliX - Online Advertising Network

ရွှေတောင်မြို့နယ် ၌ နွေစပါး ၂၇၂၅ ဧက လျာထား၍ စိုက်ပျိုး​ရေးလုပ်ငန်းများ စတင်ဆောင်ရွက်


ရွှေတောင်၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ ၂၀၂၅ခု နှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ နတ်မှော်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေများကို ဇန်နဝါရီလ မှစတင်၍ စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြသည်။

နတ်မှော်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား နွေစပါးစိုက်ပျိုးရာသီကာလအတွင်း အချိန်မှီစိုက်ပျိုးနိုင်ရေး၊ သက််တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် ရတနာတိုး ၊ရက်၉၀၊ဗီယက်နမ်၊အောင်နိုင်တိုးစပါးမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလေလွင့်မှုမရှိစေရေးအတွက် လယ်ကြားမြောင်းများ စနစ်တကျတူးဖော်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရေး၊  ပျိုးထောင်စနစ်၊ ကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့်သာ စနစ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ယခင်နှစ်ထက် တောင်သူများအနေဖြင့် နွေစပါးစောစီးစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်သီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေများစောလျင်စွာပေးဝေခဲ့ကြပြီး တောင်သူများ၏ စိုက်စွမ်းအား၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ တောင်သူများအကျိုးစီးပွား တိုးတက်ရရှိနိုင်စေရေးနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ရွှေတောင် မြို့နယ်အတွင်း၌ နွေစပါး ၂၇၂၅ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့မှ သိရပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် နတ်မှော်မြစ်ရေတင်အသုံးပြုတောင်သူများအဖွဲ့နှင့် ပူးပေါင်း၍ စိုက်ပျိုးရေအလေအလွင့်နည်းပါးရေးအတွက် စနစ်တကျပေးဝေခြင်း၊ ရေလှည့်စနစ်ဖြင့်ပေးဝေခြင်းမျာ ဆက်လက်ဆောင်ရွက်လျက်ရှိ​သည်။

ကိုကိုမင်း 

#MNP #News #Agriculture

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *