ylliX - Online Advertising Network

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ရန် သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


လွိုင်ကော်၊ ဇန်နဝါရီ ၂၆

လွိုင်ကော်တက္ကသိုလ်၏ အဆောက်အအုံများ ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ယခုလ ၂၂ ရက်နေ့မှစ၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိကာ အမြန်ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ပရဝုဏ်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွိုင်ကော်-လောပိတလမ်း ကတ္တရာကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် တက္ကသိုလ်ပရဝုဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့် တက္ကသိုလ် အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတစ်လျှောက်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များ ပတ်ဝန်းကျင်၌ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းကို လှည့်လည်ကြည့်ရှုအားပေးပြီး လွိုင်ကော်တက္ကသိုလ်မှ အင်ဂျင်နီယာမှူးက ဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်မှုနှင့် တက္ကသိုလ်အတွင်း စီမံအုပ်ချုပ် ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်နှင့် ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များကို အမြန်ဆုံးပြုပြင်နိုင်ရေး တာဝန်ရှိသူများအားလုံး စနစ်တကျ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်-လောပိတလမ်း အရှည်(၃.၅)ကီလိုမီတာ အကျယ်(၁၈)ပေ အား ကတ္တရာမှ ကတ္တရာကွန်ကရစ် (AC) သို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကာ လွိုင်ကော်-လောပိတလမ်း Well Graded အလွှာ ထု(၈)လက်မ၊ အရှည် (၃.၅)ကီလိုမီတာ၊ အကျယ်(၂၀)ပေ လမ်းလုပ်ငန်း၏ လုပ်ငန်း(၁၀၀)ရာခိုင်နှုန်းပြီးစီးမှုနှင့် ကတ္တရာကွန်ကရစ်(AC)လမ်းခင်းခြင်း၊ အမာခံလမ်းပုခုံး ခင်းကြိတ်ခြင်းနှင့် လမ်းဘေးရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းလုပ်ငန်းများဆောင်ရွက်နေစဉ် ပြည်သူများ ပုံမှန်သွားလာနိုင်ရေးနှင့် လုပ်ငန်းများပြီးစီး၍ သတ်မှတ်ကာလကျော်လွန်မှ လမ်းအသုံးပြုစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ လွိုင်ကော်-လောပိတ ကတ္တရာကွန်ကရစ်လမ်း အရှည် (၃.၅)ကီလိုမီတာအား ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းဆောင်ရွက် ပြီးစီးပါက လောပိတမြို့၊ မထောခူကျေးရွာအုပ်စု၊ လောပိတကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် ဘီလူချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ(လောပိတ)သို့ သွားလာရာတွင် ယခင်ကထက် ပိုမိုမြန်ဆန် ချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။     

#MNP #News #Kayah #Loikaw

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *