ဟနွိုင်း၊ဇန်နဝါရီ ၂၇
ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံပြီး တရုတ် – ဗီယက်နမ်အသိုက်အဝန်း တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ကို ဆက်လက် ခိုင်မာစေမည်ဖြစ်ကြောင်းကတိပြုပြောကြားခဲ့သည်။
ဆက်လက်၍လည်း နှစ်နိုင်ငံကြားရှိ အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် အချိန်ကာလရှည်ကြာစွာတည်ရှိခဲ့ပြီး ပျက်ပြယ်ကျိုးပေါက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ဗီယက်နမ်အစိုးရတို့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကို အရေးကြီးသောရွေးချယ်မှုနှင့်ထိပ်တန်းဦးစားပေးတစ်ရပ်အဖြစ် အမြဲမှတ်ယူခဲ့ကြောင်းလည်း၎င်းကအေလးေပးေပြာကြားခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံကြား ရေလမ်းနှင့်ကုန်းလမ်းဆက်သွယ်မှု၏ အားသာချက်များကို အပြည့်အဝအသုံးချကာ နှစ်ဖက်လုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အရေးပါသည့် စီမံချက်များကို ပိုမိုအကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
တရုတ်သံအမတ်ကြီးကမူ ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးအတွက်ပါ နှစ်နိုင်ငံချစ်ကြည်မှုကို မှန်မှန် နှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရန် ဗီယက်နမ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ