ylliX - Online Advertising Network

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီလ ၂၉

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ တွင် ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၄ ဦး၊ ခွဲစိတ်ရောဂါ ၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ အရိုးရောဂါ ၆၄ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၃၄ ဦး၊ မျက်စိရောဂါ ၇၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိလူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ ၃ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် မျက်စိဝေဒနာရှင် တစ်ဦးက “မျက်စိလည်း မကောင်းဘူး။ သွားတွေလည်း မကောင်းဘူး။ အဲ့ဒါနဲ့ လာ ပြတာပါ။ ဆရာဝန်တွေက အခမဲ့ ဆေးလာကုပေးမယ် ဆိုတော့ ဝမ်းသာတာပေါ့။ လာမယ်ဆိုပြီး သတင်းကြားလိုက်ထဲက ပြမယ်ဆိုပြီး တကဲကဲ လုပ်နေတာပါ။ အခုက အစစ အရာရာ အဆင်ပြေတယ်လေ။ ကိုယ့်ရပ်ရွာနဲ့ နီးနီး နားနား လာကုတော့ ကုန်းကြောင်းလာလို့ ရတယ်။ အိမ်တိုင်ရာရောက် လာရောက်ကုသ ပေးသလိုပဲ အားလုံးရဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ပါတယ်။” ဟု ပြောသည်။

လေဖြတ်နေသည့် အမျိုးသားတစ်ဦး က “လေဖြတ်တဲ့အတွက်ကြောင့် အကြောတွေတက်တယ်၊ အကြောတွေ ဆိုင်းတယ်၊ မျက်လုံးတွေ မှုန်တာ သုံးနှစ်၊ လေးနှစ်လောက် ဖြစ်နေတာ ဘာမှမလုပ်နိုင်ဘူး။ အပြင်ဆေးခန်းမှာ တစ်လတစ်ခါ ပြနေရပါတယ်။ အပြင်မှာ ပြရင် ပိုက်ဆံလည်း တော်တော်ပေးရပါတယ်။ ဒီမှာလာပြတော့ အခကြေးငွေ မပေးရတဲ့ အတွက် အရမ်းအဆင်ပြေပါတယ်။ အခက်အခဲ အနေနဲ့ကတော့ မထ နိုင် မစားနိုင် ဖြစ်နေတာပါ။ အခုလို အခမဲ့ နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ဆရာဝန်၊ ဆရာမများကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နိုင်ငံတော် အကြီးအကဲ များကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။”ဟု ပြောသည်။

#MNP #News #Health

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *