ylliX - Online Advertising Network


၁။ Notion ဆိုတာဘာလဲ?

Notion ဆိုတာ ကျယ်ပြန့်တဲ့ productivity tool တစ်ခုဖြစ်ပြီးတော့ မိမိရဲ့ နေ့စဉ်လုပ်ငန်းတွေ၊ အလုပ်အကိုင်စီမံချက်တွေနဲ့ တစ်ဦးချင်းရဲ့ data တွေကို စုစည်းထားနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ Notion ကိုအသုံးပြုပြီး မှတ်တမ်းတွေ၊ note တွေ၊ project management toolsတွေ database တွေ နဲ့ teamwork collaboration အစရှိတဲ့ အရာများကို တစ်နေရာတည်းမှာ စုစည်းပြီး စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။

၂၊ Notion ကို ဘယ်သူဖန်တီးခဲ့တာလဲ?

​​Notion ကို Notion Labs Inc. လို့ ခေါ်တဲ့ အမေရိကန် စက်ရုံတစ်ခုကဖန်တီးခဲ့ပြီး၊ Ivan Zhao နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အဖွဲ့တွေက ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Notion ကို ဖန်တီးခဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ အလုပ်ခွင်မှာ productivity နဲ့ စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။

၃။ Notion ရဲ့ အဓိကလုပ်ဆောင်ချက်များ

📑မှတ်စု (Notes) ရေးသားခြင်း

  • Notion ကို မှတ်စုများ အလွယ်တကူရေးသားဖို့ အသုံးပြုနိုင်ပါတယ်။
  • စာသားများ၊ စာရင်းများ၊ စာမျက်နှာခေါင်းစဉ်များ စသဖြင့် စီစဉ်ရေးသားနိုင်ပြီး၊ အခါအားလျော်စွာ ပုံများ၊ ဗီဒီယိုများ ထည့်သွင်းနိုင်ပါတယ်။

📑Task Management (အလုပ်စီမံခန့်ခွဲခြင်း)

  • To-do lists, checklists, နဲ့ task tracker တို့ကို သုံး၍ မိမိရဲ့နေ့စဉ်လုပ်ငန်းစဉ်များ၊ တာဝန်များကို စနစ်တကျ စီမံနိုင်ပါတယ်။
  • Tasks တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးရန် နေ့စွဲများ ထည့်သွင်းကာ reminder အချိန်သတ်မှတ်နိုင်ပါတယ်။

📑Database (ဒေတာဘေ့စ်) ဖန်တီးခြင်း

  • Notion ရဲ့ database ထဲမှာရှိတဲ့ ဇယား (tables), စာရင်း (lists), ဘုတ် (kanban boards), ပြက္ခဒိန် (calendars) အစရှိတဲ့ ပုံစံတွေနဲ့ data တွေကို စနစ်တကျ သိမ်းဆည်းနိုင်ပါတယ်။
  • ဖိုင်များ၊ အချက်အလက်များ၊ links များကို database တွင် ထည့်သွင်းထားပြီး filter, sort လုပ်ဖို့အတွက် အလွယ်တကူ စီမံနိုင်ပါတယ်။

📑Project Management (စီမံကိန်းစီမံခန့်ခွဲခြင်း)

  • Notion ကို project management tool အဖြစ်လည်း အသုံးပြုနိုင်ပြီး၊ project tasks များကို Kanban boards, timelines, နဲ့ deadlines များဖြင့် စနစ်တကျ စီမံနိုင်ပါတယ်။
  • အဖွဲ့ဝင်တွေကို တာဝန်တွေ ခွဲဝေပေးပြီး အချိန်အတိုင်းအတာများ သတ်မှတ်ကာ အလုပ်များကို အဆင်ပြေစွာ စီမံခန့်ခွဲနိုင်ပါတယ်။

📑Wiki ဖန်တီးခြင်း

  • Notion ကို အသုံးပြုပြီး သင်ရဲ့ knowledge base (Wiki) တစ်ခုကိုဖန်တီးနိုင်ပါ တယ်။ အဖွဲ့တစ်ခုလုံးကို စီမံခန့်ခွဲရမယ့် အချက်အလက်များ၊လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်များ၊ ဥပဒေများ နဲ့ နည်းလမ်းများစွာကို Wiki အဖြစ် စုစည်း သိမ်းဆည်းထားနိုင်ပါတယ်။

📑Collaboration (ပူးပေါင်းလုပ်ဆောင်ခြင်း)

  • Notion ကို အချိန်နောက်ကျခြင်းမရှိဘဲ အဖွဲ့ဝင်တွေနဲ့  တိုက်ရိုက်ပူးပေါင်းဆောင် ရွက်နိုင်ပါတယ်။ အချင်းချင်း တွဲဖက်ရေးသားခြင်း၊ comment ပေးခြင်းနဲ့အလုပ် ခွဲဝေပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
  • Page များကို အခြားသူများနှင့် မျှဝေပြီး၊ Viewer, Commenter, Editor အနေနဲ့ အခွင့်ပြုချက်များ ထားပြီး တာဝန်ခွဲဝေပေးနိုင်ပါတယ်။

📑Templates အသုံးပြုခြင်း

  • Notion မှာ ကြိုတင်ပြင်ဆင်ထားတဲ့ templates တွေကို အသုံးပြုပြီး သင့်ရဲ့ အလုပ်ကို အမြန်ဆုံးစတင်နိုင်ပါတယ်။ To-do lists, project management, personal journal, habit tracker စတဲ့ templates များစွာကို အသုံးပြုနိုင်ပါတယ်။

📑အခြား Tools များနှင့်ပေါင်းစပ်အသုံးပြုခြင်း

  • Google Drive, Slack, GitHub စတဲ့ apps တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး အလုပ်စနစ်တကျ လုပ်ဆောင်နိုင်ပါတယ်။
  • Google Calendar, YouTube, X လင့်များကိုလည်း embed လုပ်နိုင်ပါတယ်။

၄။ Notion  ကိုဘယ်လိုစတင်အသုံးပြုမလဲ

Notion ကို PC, Laptop, Mobile Phone, Tablet စတဲ့ Device တွေမှာ အသုံးပြုနိုင်ပါတယ်။ ဘယ်  Device မှာမဆို Notion ကိုသုံးပြီး သင့်ရဲ့ Data တွေကို အချိန်မရွေးလွယ်ကူစွာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

The post Notion appeared first on MYEO, Myanmar Youth Empowerment Opportunities.



Source link

Leave a Reply

Your email address will not be published. Required fields are marked *