(၂၈-၁၀-၂၀၂၄ ရက်၊ တိုကျို)
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန် စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ချောင်းသာမြို့၊ Azura Beach Resort ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် အွန်လိုင်းမှ တစ်ဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းဒါရိုက်တာ Mr. Chairat Liengkajornkiet တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းအား ရက်သတ္တ (၂) ပတ် ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
************************************