ylliX - Online Advertising Network

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ အိပ်ရာများ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED


ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းတွေထဲကမှ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို  ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာနဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အနွေးဓာတ် ရရှိစေဖို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ OPPO Myanmar AED အနေနဲ့ ကျန်ရှိတဲ့ သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အိပ်ရာတွေကို ပြည်သူများ အေးချမ်းစွာ အိပ်စက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Image: OPPO

OPPO Myanmar AED ဟာ မြန်မာပြည်သူတွေအတွက် လိုအပ်မဲ့အကူအညီတွေကို နေရာဒေသတိုင်းမှာ ဆက်လက် ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။

Image: OPPO

OPPO အကြောင်း

OPPO သည် ကမ္ဘာ့ထိပ်တန်း Smart Device အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ ပထမဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်သည့် “Smiley Face” ကို ၂၀၀၈ ခုနှစ်တွင် စတင်ရောင်းချချိန်မှ စ၍ OPPO သည် လှပကြော့ရှင်းသည့် ဒီဇိုင်းများနှင့် ဆန်းသစ်သည့် နည်းပညာများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေးစွမ်းနိုင်ရန် အမြဲကြိုးစားလျက်ရှိသည်။ ယနေ့တွင် OPPO သည် Find series နှင့် Reno series များကို ဦးဆောင်တီထွင်ထုတ်လုပ်နေသည် သာမက အခြားသော Smart Devices များစွာကိုလည်း ဖန်တီးထုတ်လုပ်ပေးလျက်ရှိသည်။  Smart Devices များ အပြင် OPPO သည် ၎င်း၏ အသုံးပြုသူများအတွက် ColorOS လည်ပတ်မှုစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို တပ်ဆင်ပေးလျက်ရှိသည်။ OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်တွင် ဝန်ထမ်း ၄၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ဖန်တီးပေးနိုင်ရန် အားထုတ် ကြိုးပမ်းလျက်ရှိသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *