ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းတွေထဲကမှ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာနဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အနွေးဓာတ် ရရှိစေဖို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ OPPO Myanmar AED အနေနဲ့ ကျန်ရှိတဲ့ သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အိပ်ရာတွေကို ပြည်သူများ အေးချမ်းစွာ အိပ်စက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ Image: OPPO OPPO Myanmar AED ဟာ မြန်မာပြည်သူတွေအတွက် လိုအပ်မဲ့အကူအညီတွေကို နေရာဒေသတိုင်းမှာ ဆက်လက် ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။ Image: OPPO OPPO အကြောင်း OPPO သည် ကမ္ဘာ့ထိပ်တန်း Smart […]