ဘေရွတ်၊ နိုဝင်ဘာ ၁၄
ဒမတ်စကတ်အနောက်ဘက် ခရိုင်တွေကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆီးရီးယားနိုင်ငံသား ၁၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး SANA သတင်းဌာနက ဖော်ပြထားသည်။
အစီရင်ခံစာအရ သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည်။
ဒေသစံတော်ချိန် ညနေ (၃ ၂၀) နာရီတွင် သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်မှ ပြင်းထန်သောတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့တော်ရှိ Mezze Avenue နှင့် Damascus မြို့ဆင်ခြေဖုံး Qudssaya ရပ်ကွက်ရှိ လူနေအိမ်အဆောက်အအုံများဆီသို့ ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အခြား ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
အစောပိုင်းက Sky News Arabia ရုပ်မြင်သံကြားတွင် အစ္စရေးဂျက်လေယာဉ်များက ဒမတ်စကတ်ရှိ အစ္စလာမ္မစ်ဂျီဟတ်များ၏ ဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အစီရင်ခံစာအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ပါလက်စတိုင်းအစွန်းရောက် ခေါင်းဆောင်တစ်ဦးကို ချေမှုန်းရန် ရည်ရွယ်ထားကြောင်း သိရသည်။
Qasioun တောင်အနီး Damascus-Beirut အဝေးပြေးလမ်းဟောင်းတွင် တည်ရှိသော Qudssaya ရပ်ကွက်တွင်လည်း ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း ဒူဘိုင်းအခြေစိုက် Al Hadath ရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် အစ္စလာမ္မစ် ဂျီဟတ် စစ်အခြေစိုက် စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref – TASS
Join – https://t.me/MyanmarNationalPost