မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး
မြိတ် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များအတွက် သွားလာမှုလွယ်ကူစေရန် ရည်ရွယ်၍ ယခုဘဏ္ဍာနှစ်တွင် စန္ဒဝတ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP)ပံ့ပိုးငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို နိုဝင်ဘာလ ၁၇ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ စန္ဒဝတ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာ တာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်အရည်အသွေးပြည့်မီရေးနှင့် အတိုင်းအတာပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌လမ်းအရှည် ပေ ၄၄၀၊ အကျယ် ၉ ပေ၊ထု ၆ လက်မရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးငွေ ငွေကျပ် ၁၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏နည်းပညာကူညီပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှု တို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင်နိုဝင်ဘာလ ၅ ရက်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၃၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။