မက္ကဆီကိုနိုင်ငံတွင် နိုဝင်ဘာ ၁၆ ရက်ညပိုင်းက ပြုလုပ်ခဲ့သည့် Miss Universe 2024 ပြိုင်ပွဲတွင် ဒိန်းမတ်အလှမယ် Victoria Kjær Theilvig ကအနိုင်ရရှိခဲ့ပြီး သူသည် Miss Universe သရဖူကိုဆောင်းနိုင်ခဲ့သည့် ပထမဆုံး ဒိန်းမတ် အလှမယ်ဖြစ်လာခဲ့သည်။
အသက် ၂၁ နှစ်အရွယ် Victoria Kjær Theilvig သည် အကပညာရှင်၊ စွန့်ဦးတီထွင်သူနှင့် ရှေ့နေတစ်ဦးဖြစ်ပြီး မက္ကဆီကိုစီးတီးမြို့တွင်ပြုလုပ်သည့် အလှမယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ်ပေါင်း ၁၂၀ ကျော်ကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယခင်နှစ်က Miss Universe ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့် နီကာရာဂွာနိုင်ငံမှ အလှမယ် Sheynnis Palacios က Victoria Kjær Theilvig ကို Miss Universe သရဖူဆောင်းပေးခဲ့သည်။
ယခုနှစ် Miss Universe ပြိုင်ပွဲတွင် ဒုတိယနေရာကို နိုက်ဂျီးရီးယားအလှမယ် Chidimma Adetshina ကရရှိခဲ့ပြီး တတိယနေရာကို မက္ကဆီကိုအလှမယ် María Fernanda Beltrán တို့က ရရှိခဲ့သည်။