ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၇)
(မိုးမခ) ဒီဇင်ဘာ ၃ ၊ ၂၀၂၄
“Psychological operations can be more important than firepower in modern conflicts.”
(“ခေတ်သစ်ကာလ ပဋိပက္ခတွေမှာ စိတ်ဓာတ်စစ်ဆင်ရေးစွမ်းရည်က လက်နက်အင်အား firepower စွမ်းရည်ထက် ပိုမိုအရေးကြီးနိုင်တယ်။”)
General Sir Frank Kitson
ဒုတိယကမ္ဘာစစ်ကာလ စိတ်ဓာတ်စစ်ဆင်ရေး World War II- psychological warfare ဒုတိယကမ္ဘာစစ်ကာလ မဟာမိတ်အုပ်စုများ အသုံးပြုခဲ့တဲ့ စိတ်ဓာတ်စစ်ဆင်ရေး အော်ပရေးရှင်းများကို လေ့လာသုံးသပ်သင့်ပါတယ်။
1. Operation Fortitude ဇွဲစစ်ဆင်ရေး
Operation Fortitude ဆိုတာ ဒုတိယကမ္ဘာစစ် (World War II) မှာ အမေရိကန်နဲ့ မဟာမိတ်တပ် တွေက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ စိတ်ဓာတ်စစ်ဆင်ရေးစီမံကိန်းတခု ဖြစ်ပါတယ်။
ရည်ရွယ်ချက်က ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့ D-Day မှာ မဟာမိတ်တပ်များ နော်မန်ဒီ (Normandy) မှာ အဓိကကျတဲ့ ရေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးကို ဖုံးကွယ်ဖို့အတွက် ယောင်ပြစီမံကိန်း အတုပြုလုပ်သည့် စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂျာမန် ပန်ဆာတင့်ကားတပ်ကို ကောင်းစွာလှည့်စားနိုင်ခဲ့ကာ နော်မန်ဒီကမ်းခြေကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။
Operation Fortitude ၏ ရည်ရွယ်ချက်
၁။ ဂျာမန်တပ်ရဲ့ ခံစစ်အင်အားကို ထိုးစစ်ဆင်မည့်နေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းစေရန် (တနည်းအားဖြင့်) ဂျာမန်တို့ရဲ့ ခံစစ်အင်အားကို ဧရိယာတချို့သို့ ဖြန့်ကြက်သွားစေရန်
၂။ သတင်းမှားများ False Intelligence မှတဆင့် လှည့်စားဖို့အတွက် မှားယွင်းတဲ့ အချက်အလက် တွေကို စနစ်တကျ ဖန်တီးပြီး အဆိုပါမှားယွင်းတဲ့ အသေးစိတ်အချက်အလက်တွေကို ဂျာမန်တို့ထံ ပေးပို့နိုင်ရန်နဲ့ အတုအယောင်အစီအစဥ်များ ဖန်းတီးလုပ်ဆောင်ရန်
Operation Fortitude တွင် ပါဝင်သော အစီအစဥ်များ
Operation Fortitude သည် Fortitude North နှင့် Fortitude South ဟူ၍ နှစ်ပိုင်း ခွဲထား၍ စီစဥ်ပါတယ်။
Fortitude North ဂျာမန်တပ်များအား နော်ဝေနှင့် စကန်းဒီနေးဗီးယားဒေသကို ထိုးစစ်ဆင်ရန် မဟာမိတ်တပ်များ စီစဉ်နေသည်ဟု ယုံကြည်စေရန်။
Fortitude South ရန်သူအား ပစ်ဒီကာလေးမြို့ Pas de Calais ကို ကျူးကျော်ရန် စီစဉ်သည်ဟု ယုံကြည်စေပြီး နော်မန်ဒီကမ်းရိုးတန်းမှ ဂျာမန်တပ်များအား ဖယ်ရှားစေရန်။
Operation Fortitude ၏ အဓိကနည်းလမ်းများ
၁။ အတုတပ်ဖွဲ့များဖွဲ့စည်းခြင်း Fake Army Groups:
First U.S. Army Group (FUSAG) ဟု ခေါ်သော အတုတပ်ဖွဲ့တစ်ခုကို ဖန်တီးခဲ့သည်။
မဟာမိတ်တပ်များသည် အတုလေယာဉ်၊ အတုတင့်ကား၊ လေယာဉ်ကွင်းများကို အသုံးပြုကာ ရန်သူအား အထင်မှားစေခဲ့သည်။
ဂျာမန်လေယာဉ်မှူးများအနေနှင့် အတုများကို တကယ့်တပ်ကဲ့သို့ မှားယွင်းခဲ့သည်။
၂။ နှစ်ဖက်ချွန်သူလျှိုများ သုံးစွဲခြင်း (Double Agents):
Juan Pujol García (Garbo) ကဲ့သို့သော နှစ်ဖက်ချွန်သူလျှိုအေးဂျင့်များအနေဖြင့် Calais သည် အဓိကပစ်မှတ်ဖြစ်သည်ဟူသော အယူအဆကို ဂျာမန်တို့အား မှားယွင်းစွာသတင်းပေးခဲ့သည်။
Pujol ၏ လုပ်ကြံသတင်းပေးသည့် ကွန်ရက်သည် ဂျာမန်တို့အား လုံးလုံးလျားလျား မှားယွင်းသော တိုက်ခိုက်မှုအစီအစဉ်များကို ယုံကြည်စေခဲ့သည်။
၃။ Radar လှည့်စားမှု (Operation Glimmer and Taxable)
ရေတပ်နှင့်လေတပ်များက အလူမီနီယမ်ပြားများ ချခဲ့ကာ Radar ပေါ်တွင် မဟာမိတ်ရေတပ် အကြီးစားတခု ပေါ်လာသကဲ့သို့ လှည့်စားခဲ့သည်။
၄။ ထိန်းချုပ်မှုအချို့ကို ပေါက်ကြားစေခြင်းဖြင့် ပရိယာယ်ဆင်ခြင်း Controlled Leaks and Subterfuge:
ဗြိတိသျှထောက်လှမ်းရေးသည် Calais နှင့်ပတ်သက်သော မှားယွင်းသော ဇာတ်ကြောင်းကို အားဖြည့်ရန် အချို့သော ‘ပေါက်ကြားမှုများ’ ကို ခွင့်ပြုခဲ့သည်။
အကျိုးသက်ရောက်မှုနှင့် အောင်မြင်မှု Impact and Success
စစ်ဆင်ရေး Operation Fortitude သည် အလွန်အောင်မြင်ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် D-Day အပြီး ရက်သတ္တပတ်များအကြာထိအောင် Calais တွင် မူလ ကျူးကျော်တိုက်ခိုက်မှုအဖြစ် German High Command က ဆက်လက်ယုံကြည်နေခဲ့ပါတယ်။
ဒီလှည့်ဖြားမှုဟာ မဟာမိတ်တွေ ကို ဂျာမန်စစ်ကူတွေရဲ့ ဝင်ရောက်နိုင်မှုအနည်းငယ်နဲ့ နော်မန်ဒီမှာ အရေးပါတဲ့ ခြေကုပ်စခန်းတခု ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Operation Fortitude ရဲ့ ထိရောက်မှုဟာ အနောက်ဥရောပမှာ မဟာမိတ်တို့ရဲ့ အောင်ပွဲအတွက် အုတ်မြစ်ဖြစ်စေခဲ့ပြီး ခေတ်သစ်စစ်ပွဲမှာ ဗျူဟာမြောက် လှည့်စားမှုရဲ့ အကျိုးသက်ရောက်မှုကို ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလမှာ Operation Fortitude လိုပဲ ထင်ရှားတဲ့ အခြား Operationsတွေလည်း ရှိပါတယ်။ Operation Mincemeat, Operation Bodyguard, Operation Bertram စတဲ့ Operations တွေကလည်း ထင်ရှားပြီး အောင်မြင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးများ ဖြစ်ကြပါတယ်။
ဝင်ရိုးစွန်းနိုင်ငံများ Axis Powers ( Germany Japan Italy ) တို့၏ စိတ်ဓာတ်စစ်ဆင်ရေးများ Axis Powers နိုင်ငံများအနေဖြင့်လည်း စိတ်ဓာတ်စစ်ဆင်ရေးကို စနစ်တကျ အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် ဂျာမနီနိုင်ငံရဲ့ Joseph Goebbels ဟာ လှုံ့ဆော်ရေးဝန်ကြီး Propaganda Minister အ ဖြစ် စိတ်ဓာတ်ထိန်းချုပ်မှုလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
နာဇီများရဲ့ လှုံ့ဆော်မှု Nazi Propaganda
ရည်ရွယ်ချက်:
Nazi အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှုကို မြှင့်တင်ခြင်း။ ရန်သူနိုင်ငံများအား စိတ်ဓာတ်ကျစေခြင်း။
နည်းလမ်းများ:
ဂျာမန်ပြည်သူများအတွက် ‘Triumph of the Will’ စသည့် ရုပ်ရှင်များနဲ့ ပြပွဲများ စီစဉ်ခြင်း။
မဟာမိတ်တပ်များကို အားနည်းကြောင်း သက်သေပြသော သတင်းမှားများ ထုတ်လွှင့်ခြင်း။
ဂျပန်တို့၏ ကာမီကာဇေစိတ်ဓာတ် Japan’s Kamikaze Mindset
ရည်ရွယ်ချက်:
ဂျပန်တပ်သားများကို သေဆုံးရန်စိတ်ဓာတ်ကို မွေးဖွားစေခြင်း။
“Bushido” စစ်ဓလေ့ကို အသုံးပြုကာ သေခြင်းကို ဂုဏ်ယူစရာအဖြစ် မြှင့်တင်ခဲ့ပါတယ်။
Tokyo Rose (ဂျပန်ရေဒီယိုလှုံ့ဆော်ရေး)
ရည်ရွယ်ချက်:
မဟာမိတ်တပ်သားများ၏ စိတ်ဓာတ်ကို ကျဆင်းစေရန်။
နည်းလမ်းများ:
အင်္ဂလိပ်ဘာသာဖြင့် ရေဒီယိုမှ သတင်းမှားများနှင့် မဟာမိတ်တပ်သားများကို နာကျင်စေသော သတင်းများ ထုတ်လွှင့်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလ စိတ်ဓာတ်စစ်ဆင်ရေးတွေဟာ စစ်ပွဲဆိုင်ရာ နည်းဗျူဟာများမှာ မီးမောင်းထိုးပြခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်များဖြစ်ပြီး၊ ကာလအတော်ကြာအောင် စစ်ပညာရှင်များနဲ့ သုတေသန လေ့လာသူများအတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးဟာ စစ်ဘက်အရာရှိများ၊ အစိုးရများနဲ့ စစ်ပညာရှင်များအတွက် အရေးပါတဲ့ လက်နက်တရပ် ဖြစ်လာပါတယ်။ ဒီနည်းဟာ တိုက်ခိုက်မှုအောင်မြင်မှုများမှာ အဓိက ထောက်ကူပေးနိုင်ပေမဲ့ ၊အသုံးပြုရာမှာ တိကျမှု၊ ဆန်းသစ်မှုနှင့် သက်ဆိုင်ရာ ဘက်အသီးသီးကို ချိန်ညှိနိုင်မှု လိုအပ်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး(Psychological Warfare) နဲ့ပတ်သက်ပြီး Sun Tzu က The Art of War မှာ အဓိကလိုအပ်ချက်များနဲ့ သုံးသပ်ချက်များကို ဖော်ပြထားပါတယ်။ ဆိုလိုရင်းက ရန်သူရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်များကို တိုက်ပွဲဆင်ရန် အဓိကရည်ရွယ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
“The supreme art of war is to subdue the enemy without fighting.”
“စစ်ပွဲ၏ ထိပ်တန်းစစ်ရေးအနုပညာသည် ရန်သူကို တိုက်ခိုက်ခြင်းမပြုဘဲ အနိုင်ယူရန် ဖြစ်သည်။”
“All warfare is based on deception.”
(စစ်ပွဲအားလုံးသည် လှည့်စားမှုအပေါ် အခြေခံသည်။)
ဪAppear at points which the enemy must hasten to defend; march swiftly to places where you are not expected.”
(ရန်သူက ကာကွယ်ရမယ်လို့ ထင်တဲ့နေရာတွေကနေ မျှော်လင့်မထားတဲ့ နေရာတွေကို မြန်မြန်ချီတက်ပါ။)
“If your opponent is of choleric temper, seek to irritate him.”
“ပြိုင်ဘက်က ဒေါသကြီးသူဆိုရင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပါ။”
“By holding out baits, you can lure your enemy; by feigning disorder, you can crush him.”
“ငါးစာတွေ ကိုင်ထားခြင်းအားဖြင့် ရန်သူကို ဖြားယောင်း သွေးဆောင်နိုင်တယ်၊ မမှန်မကန်ဟန် ဆောင်ခြင်းအားဖြင့် ချေမှုန်းပစ်နိုင်တယ်”
ဒါတွေကတော့ Sun Tzu ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) နဲ့ပတ်သက်တဲ့ အမြင် သဘောထားအချိုး ဖြစ်ပါတယ်။
လက်ရှိကာလမှာ စိတ်ဓာတ်စစ်ဆင်ရေးဟာ နည်းပညာ (Technology) နဲ့ သတင်းမီဒီယာ Media တို့ကြောင့် ပိုမိုတိုးတက်လာပြီး၊ ကမ္ဘာလုံးဆိုင်ရာ သံတမန်ဆက်ဆံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နိုင်ငံရေးရည်မှန်းချက်များ ဖန်တီးရေးတွေမှာ အဓိက ပါဝင်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
“စစ် ဆိုတာ လက်နက်သာမက စိတ်ဓာတ်တခုရဲ့ အရေးပါမှုကို ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ကြောင်း”ကို ပြသလိုက်တာ ဖြစ်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးဟာ ယနေ့ခေတ်မှာ အမြဲတမ်းလို အရေးပါနေမှာ သေချာလှပါတယ်။
နောက်တပတ်မှာ ကျနော်တို့ ထပ်ဆွေးနွေးကြတာပေါ့ဗျာ။
👉 ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar