ylliX - Online Advertising Network

မွန်ပြည်နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေ


 

မွန်ပြည်နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ – ၅

မွန်ပြည်နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စစ်မှုထမ်းဆောင်ရန် အတွက် ဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်း အမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ မွန်ပြည်နယ်အတွင်း အကြမ်းဖက်သမားများဝင်ရောက်၍ အတင်း အဓမ္မလူသစ်စုဆောင်းခြင်း၊ အဖျက်အမှောက်လုပ်ငန်းများလုပ်ဆောင်ခြင်းမရှိစေရန် အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျစစ်ဆေးရှာဖွေခြင်းများကြောင့် အကြမ်းဖက်သမားများ ဝင်ထွက်သွားလာရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက် သွားလာနိုင်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှား စေရန် ရည်ရွယ်၍ ဖြစ်စဉ်ဖြစ်ရပ် ကိုက်ညီမှုမရှိသည့် သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒ ဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *