ylliX - Online Advertising Network
ဖိလစ်ပိုင် ငါးဖမ်းသမားများအား တရုတ်တပ်ဖွဲ့ဝင်များ အနှောင့်အယှက်‌ ပေး - BUR.MIZZIMA.COM

ဖိလစ်ပိုင် ငါးဖမ်းသမားများအား တရုတ်တပ်ဖွဲ့ဝင်များ အနှောင့်အယှက်‌ ပေး – BUR.MIZZIMA.COM


Asia News

ရိုဇူသန္တာကျောက်တန်းမှ နိုဝင်ဘာ ၂၈ ရက်တွင် ပလာဝန်ပြည်နယ် ကွီဇွန်အရပ်ဆီ ပြန်လာကြသော ဖိလစ်ပိုင် ငါးဖမ်းသမားများထံမှ အခင်းဖြစ်ရပ်တရပ်၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို ရရှိထားကြောင်း အနောက် ဖိလစ်ပိုင်ပင်လယ်ပြင်ဆိုင်ရာ ကမ်းခြေစောင့်တပ် PCG ၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဂျေးတာရီလာက ပြောသည်။

PCG အနေဖြင့် ရိုဇူသန္တာကျောက်တန်းရှိ အခြားသော တံငါသည်များ ဘေးကင်းရေးအတွက် BRP Melchora Aquino (MRRV-9702) နှင့် BRP Cape Engano (MRRV-4411) သင်္ဘောများကို ချက်ချင်း စေလွှတ်ခဲ့သည်။ ပရာဝန်မှ ၂၃၇ ကီလိုမီတာ (၁၂၈ ရေမိုင်) တွင် ရှိသော အဆိုပါ သန္တာကျောက်တန်းတွင် ဖိလစ်ပိုင်ငါးဖမ်းလှေ ၂၀ ခန့် အနည်းဆုံး ရှိနေသည်။

ယင်း အရပ်သို့ ရောက်ချိန်၌ PCG ရေယာဉ်နှစ်စင်းကို တရုတ်ကမ်းခြေစောင့်သင်္ဘော နှစ်စင်းက လိုက်လံခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ် CCG ၏ ပေးလာနိုင်သော အနှောင့်အယှက်များ ရှိလင့်ကစား “အနောက်ဖိလစ်ပိုင်ပင်လယ်တွင် ဖိလစ်ပိုင်ငါးဖမ်းသမားများ မပြတ်တမ်း ရှိနေခြင်း” အား သက်သေပြရန် ယခုကဲ့သို့ သင်္ဘောများ ချက်ချင်းစေလွှတ်ခြင်း ဖြစ်သည်ဟု တာရီလာက ဆိုသည်။

ပြီးခဲ့သည့်လက တရုတ်ကမ်းခြေစောင့်တပ်သည် အီစကိုဒါ (ဆာဘီနာ) ကမ်းလွန်မှ ဝင်ရောက်လာသော ဖိလစ်ပိုင်စက်လှေတစင်းကို နှောင့်ယှက်ပိတ်ဆို့ခဲသည်။ ယင်းနောက်၌ CCG နှင့် အခြားသော တရုတ်ရေယာဉ်များ၏ အတောမသတ် လက်ရောက်ကျူးလွန်ခြင်းများကြောင့် ပျက်စီးမှုများ ကြုံတွေ့ခဲ့ပြီး စက်တင်ဘာလအတွင်း ဆုတ်ခွာခဲ့ရသည့် PCG ၏ သင်္ဘောတစင်းကို ယင်းအရပ်တွင် လအတန်ကြာ ဖြန့်ကြက်ထားလာခဲ့သည်။

အခြားသော ဖြစ်ထွန်းမှုတရပ်အဖြစ် ကနေဒါက လာမည့်နှစ် အစောပိုင်းတွင် ဖိလစ်ပိုင်နှင့် တပ်ဖွဲ့ဝင် လည်ပတ်မှု အဆင့်အတန်း သဘောတူညီချက် Sovfa ကို အပြီးသတ်ရန် မျှော်လင့်လျက်ရှိကြောင်း ဖိလစ်ပိုင်ဆိုင်ရာ ကနေဒါသံအမတ်အရ သိရသည်။

“ကျွန်တော်တို့ အတော်လေး အကောင်းမြင်ထားတယ်၊ ပြုလုပ်နေဆဲ ဆွေးနွေးပြောဆိုမှုတွေ အနှောင့်အယှက် ရှိလာတာမျိုး ကျွန်တော်တို့ မလိုချင်ဘူး၊ ဒါပေမဲ့ Sovfa ကို အပြီးသတ်ဖော်ဆောင်ရေးမှာ ကျယ်ပြန့်ပြီး ဘက်ပေါင်းစုံ နှီးနှောတိုင်ပင်နေကြတယ်၊ Sovfa ဟာ နှစ်သစ်အစမှာ ပေါ်ပေါက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေတယ်”ဟု ကနေဒါ သံအမတ်ကြီး ဒေးဗစ် ဟတ်မန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Sovfa ပေါ်ပေါက်လာပါက ကနေဒါအနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ရန် ပို၍ လွယ်ကူတော့မည် ဖြစ်သည်။ ဖိလစ်ပိုင်သည် အလားတူ သဘောတူညီချက်မျိုး အမေရိကန်၊ ဩစတြေးလျနှင့် ဂျပန်တို့နှင့် ရရှိထားသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *