ylliX - Online Advertising Network

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိအောင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ယူနက်စကို ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်း တွင် ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် အတာ သင်္ကြန်သီချင်းများဖြင့် စည်ကားသိုက်မြိုက်စွာ သောင်းသောင်း ဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ တွင် မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ဦးဆောင်၍ ကိုယ်စားလှယ်အဖွဲ့ ဝင်များ ပြန်လည်လိုက်ပါလာ ကြပြီး အဆိုပါကိုယ်စားလှယ် . အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခေတ်ခြောက်ခေတ် ဝတ်စားဆင်ယင်မှု ဝတ်ဆင်ထားသည့် သမီးပျိုများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ယိမ်းအဖွဲ့များ၊ အမေများအဖွဲ့၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသော ရိုးရာပန်းပညာရှင်များ၏ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက် မှု ကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန် ရှိသူများ၊ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အနုပညာ ချစ်မြတ်နိုးသူများ၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ချစ်မြတ်နိုးသူများ၊ ဝံသာနုအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပြည်သူများက သင်္ကြန်သီချင်းများ သီဆို၍လည်းကောင်း၊ အနုပညာရှင်များက သင်္ကြန်သီချင်းများသီဆို ၍ ပြည်သူများက တေးသီချင်း များနှင့်လိုက်ပါ၍ အတူကပြဖျော်ဖြေပါဝင်ဆင်နွှဲခဲ့ကြသည်။ 

အဆိုပါ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အဆိုပြုတင်သွင်းထားသည့် ‘မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” စာတွဲ ယူနက်စကို၏ လူသားမျိုးနွယ် ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်း (Representative List of the Intangible Cul- tural Heritage of Humanity) တွင် ပါဝင်နိုင်ရေး အဓိက ဆောင်ရွက်ခဲ့ကြရာ ဒီဇင်ဘာ ၅ ရက်တွင် တရားဝင် ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ယခုဆိုလျှင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”သည် ကမ္ဘာ့ဒြပ်မဲ့ . ယဉ်ကျေးမှု အမွေအနှစ်စာရင်း တွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး တရားဝင်ပါဝင်နိုင်ခဲ့ ပြီဖြစ်သည်။

“မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် ပုဂံခေတ်ကာလမှ ယနေ့အထိ ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် မြန်မာတို့၏ “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာကပိုမိုသိရှိလာခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြုနိုင်ခြင်း၊ မျိုးဆက်သစ် နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန် ကိုရိုးရာမပျက်ထိန်းသိမ်းကျင်းပ နိုင်ရေးအတွက် ပြည်သူလူထု၏ အသိအမြင် ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့ အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆန်းကျော်ဦး

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *