(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၄
(၁)
ယနေ့ခေတ်သစ် လူငယ်များတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်း မြင့်တက်လာခြင်းမှာ အဘယ်ကြောင့်ပါနည်း၊ ၄င်းသည် ခေတ်သစ်ဆေးပညာအတွက် သန်းထိုက်သည့် မေးခွန်း ဖြစ်သည်။ သင်သည် ခေါင်းကြီးပိုင်း သတင်းကို မြင်ရမှာသေချာပါသည်။ နောက်ဆုံး ရရှိသည့် အချက်အလက်များကိုကြည့်ပါ။ အူမကြီးကင်ဆာဖြစ်ပွားသည့် လူများတွင် လူနာ ၅ ဦးလျှင် တစ်ဦးမှာ အသက် ၅၅ နှစ်အရွယ်အောက် လူငယ်များဖြစ်သည်။ ၄င်းသည် အမျိုးသားကင်ဆာဌာနမှ အချက်အလက်များကို ဝေါစကြိဂျာနယ်မှ ဖော်ပြခြင်းဖြစ်ပါသည်။
၄င်းသည် ၁၉၅၅ ခုနှစ်က ဖြစ်ပွားနှုန်းထက် နှစ်ဆနီးပါးမှာများပြားပါသည်။ မကြာမီကပြုလုပ်သော အမေရိကန်ကင်ဆာ အစည်းအရုံးမှ တွေ့ရှိချက်မှာ ၃၄ ဦးတွင် ၁၇ ဦးမှာ ဖြစ်နေကျ ကင်ဆာများ၊ အူ၊ ပန်ကလိယနှင့် ကျောက်ကပ်ကင်ဆာများမှာ လူငယ်များဖြစ်ပါသည်။ ၄င်းတို့မှာ လွန်လေပြီးသောအခါ တဖြည်းဖြည်း ကျဆင်းနေခဲ့သော်လည်း ယခုအခါ ဖြစ် ပွားနှုန်းမှာမြင့်တက်လာပြန်ပါသည်။
ဤတွင် ကြောက်စရာအကောင်းဆုံးအပိုင်းမှာ အူမကြီးကင်ဆာဖြစ်သူများတွင် အသက် ၆၅ နှစ်အထက် လူနာတွင် ကျဆင်းလျက်ရှိသော်လည်း လူငယ်များတွင် အရေအတွက်မှာ တိုးပွားလျက်ရှိပါသည်။ ထိုလူငယ်များတွင် ဖြစ်ပွားသော ကင်ဆာရောဂါမှာ ပိုမို၍သေဆုံးနိုင်ပြီး ရောဂါဖြစ်သည်ဟု သိသောအချိန်မှာလွန်စွာ နောက်ကျနေတတ်ပါသည်။ Colonoscopies ခေါ် အူလမ်းကြောင်းအတွင်းသို့ မှန်ပြောင်းဖြင့် ဝင်ရောက်စစ်ဆေးခြင်းကို အသက် ၄၅ နှစ်အရွယ်ရောက်မှာ ပြုလုပ်ကြရန် အကြံပြုထားသည်။ ဤသို့ အဘယ့်ကြောင့် ဖြစ်ရပါသနည်း? ဟူသော မေးခွန်းကို ဖြေဆိုရန် နှစ်နည်းရှိပါသည်။ ခပ်တိုတိုပြောရလျှင် ကျွန်တော်တို့ “မသိပါ” ဟုသာ ပြောရပါမည်။ သို့သော် ဤမေးခွန်းကို ဖြေဆိုရန်အတွက် အဖြေကို လေးလေးနက်နက် စဉ်းစားကြည့်ရန်လိုပါသည်။ ကျွန်တော်တို့သည် ကင်ဆာဖြစ်နိုင်ခြေရှိသည်ကို အဘယ်သို့ သိနိုင်ပါမည်နည်း။ ကျွန်တော်တို့ ကာလကြာရှည်က သိခဲ့ကြသည်မှာ လူ၏အလေးချိန်နှင့် လေ့ကျင့်ခန်းကိုသာ စောင့်ကြလ့်နိုင်လျှင် လူတစ်ယောက်အတွက် ကင်ဆာမဖြစ်စေရန် အကာအကွယ်ပေးနိုင်ကြောင်း သိကြပါသည်။ ၁၉၉၀ ပြည့်နှစ်များ အလယ်ပိုင်းမှစ၍ လူတို့ အဝလွန်လာကြရာ ၄င်းသည် ကင်ဆာဖြစ်ရန် အစပျိုးခြင်း၊ (အထူးသဖြင့် အစာလမ်းကြောင်း) ဖြစ်ပါသည်။
(၂)
သို့သော် လွန်ခဲ့သော ဆယ်ခုနှစ်အတွင်း လေ့လာချက်များအရ အစားအစာအတွက် ပါဝင်သောအရာများအပြင် အိပ်စက်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများမှာလည်း ကင်ဆာရောဂါဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပြန်ပါသည်။ သို့သော် အဝလွန်ခြင်းနှင့် လေ့ကျင့်ခန်းမယူခြင်းကဲ့သို့ ကင်ဆာအတွက် အန္တရာယ်ရှိကြောင်း အသေးစိတ်ကို မှုနားမလည်ကြသေးပါ။ ယခုအခါသိပ္ပံပညာရှင်များက ထိုအကြောင်းများကို နားလည်ရန် ကြိုးစားနေကြပါပြီး ဥပမာ ပြုပြင်ထားသော အစာများကို အလွန်အကျွံစားခြင်းဖြင့် အူကင်ဆာဖြစ်စေနိုင်ကြောင်းကို သိနေကြပါပြီး။ ၄င်းသည် လူနာ၏ BMI ခေါ်ဘော်ဒီအလေးချိန်နှင့် အရပ်အချိုးအစားနှင့်မဆိုင်ပါ။ အရက်အလွန်အကျွံ သောက်ခြင်းမှာလည်း စောစောစီးစီး အူကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်နေ ပါသည်။
အဆိပ်အတောက်များနှင့် အစားအစာနီးစပ်ခြင်း ဥပမာ မိတ်ကပ်နှင့်ဆံပင်ဆိုင်ရာ ပစ္စည်းများ တွင် ပါဝင်သော ဓာတုပစ္စည်းများနှင့် နီးစပ်ခြင်းနှင့် ဆောက်လုပ်ရေးပစ္စည်းများတွင် ပါဝင်သော ဖော်မက်ဒီဟိုက် (Formaldelyde) များမှာလည်း လူငယ်များတွင် ကင်ဆာဖြစ်ရခြင်းနှင့် သက်ဆိုင်နေပါသည်။ အထူးသဖြင့် လူ့ဘဝအတွက် အရေးကြီးသော အချိန်များ (Pivotal) တွင် ဤသို့သောပစ္စည်းများနှင့် ဆက်စပ်မိပါက ပိုမို၍ဒုက္ခပေးနိုင်ပါသည်။ အအိပ်အနေနည်းခြင်း သို့မဟုတ် အိပ်နေစဉ် အနှောင့်အယှက်ခံရခြင်းများမှာ နို့ကင်ဆာ၊ ကိုလုံး (Colon)၊ သားအိမ်ကင်ဆာ? (Prosta5te) ကင်ဆာ များဖြစ်ပွားနိုင်ပါသည်။
အိပ်စက်ခြင်းနှင့် ကိုယ်တွင်းနာရီ (Circadian) များမှာ ကျန်းမာရေးအတွက် အရေးကြီးသောအချက် များ ဖြစ်သည်ဟု စောစော ဖြစ်ရသောကင်ဆာဝေဒနာများကိုလေ့လာရေးအဖွဲ့မှ အင်ဒရူး ချန် (Andrew Chan) က ပြောပါသည်။ လူများသည် ယနေ့ကာလတွင် အိမ်စက်ခြင်းမရှိ၍ဖြစ်စေ၊ အိပ်နေစဉ် အကြောင်းအမျိုးမျိုးနှင့် အနှောင့်အယှက်ခံ၍ ဖြစ်စေ ကျွန်တော်တို့၏ ဘိုင်အိုလိုဂျီကို အန္တရာယ်ဖြစ်စေလောက်အောင် ပြောင်းလဲနေပါ သလားဟု စဉ်းစားရန်ရှိပါသည်။
ကင်ဆာရောဂါကို သုတေသနပြုသူများက ဝမ်းထဲရှိ မိုက်ခရုပ်ပိုးများကိုလည်း စိတ်ဝင်စားနေကြပါသည်။ ထိုမိုက်ခရုပ်ပိုးများမှာ ကျွန်တော်တို့၏ အစာအိမ်လမ်းကြောင်းတွင် ရှိနေကြပါသည်။ အချို့မိုက်ခရုပ်ပိုးများမှာ အူလမ်းကြောင်းကင်ဆာနှင့် ပတ်သက်လျက်ရှိကြပါသည်။ သို့သော် သုတေသနပြုသူများက ၄င်းတို့သည် ရောဂါကို ဖြစ်စေသလား၊ ရောဂါကြောင့် ထိုအရာများ ဖြစ်နေကြသလား ဆိုသည်ကို ဝေခွဲမရ ဖြစ်နေကြပါသည်။ ထိုအချက်မှာ တကမ္ဘာလုံးနှင့်ဆိုင်သောကျန်းမာရေးပြဿနာဖြစ်ပါသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကင်ဆာဖြစ်ရခြင်းမှာ ချမ်းသာသောနိုင်ငံများတွင် ပို၍အရေးကြီးပါသည်။ ဆင်းရဲသော နိုင်ငံများတွင်မူ မိုက်ခရိုပလပ်စတစ်များ၏ အန္တရာယ်ကို ရင်ဆိုင်နေကြပါသည်။ ဆင်းရဲသောနိုင်ငံများသည် ပိုမိုတိုးတက်လာကြသောအခါ ကင်ဆာရောဂါအပါအဝင် ချမ်းသာသောနိုင်ငံများတွင် တွေ့ရသော ပြဿနာများကို ရင်ဆိုင်ကြရပါသည်။
၄င်းပြဿနာသည် စီးပွားရေးပိုမိုတိုးတက်လာသည်နှင့်အမျှ တွေ့ကြရမည့် ပြဿနာဖြစ်သည်ဟု အိန္ဒိယမှ Balco Medical Center မှ ဒါရိုက်တာ ဖြစ်သူ ဆီရိုဟီ (Bhawna Sgroch)i က ပြောပါသည်။ “အနောက်နိုင်ငံတွေမှာလည်း ဒီပြဿနာကို ရင်ဆိုင်နေရတာပဲ” ဟုဆိုပါသည်။
ကွဲပြားသော အသက်အပိုင်းအခြား (Generation) တွင် အဘယ်ကြောင့် ကွဲပြားသော ကင်ဆာရောဂါ၏ အန္တရာယ်ရှိနေရပါသနည်း။ ဤရောဂါအကြောင်း ရီပို့ကို ရေးနေစဉ်အခါက စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုကို တွေ့ရှိခဲ့ရပါသည်။ သင့်ကို မွေးဖွားစဉ်ကတည်းက သင့်ပတ်ဝန်းကျင်တွင်ဤရောဂါဖြစ်နိုင်စရာ နည်းလမ်းများ ရှိနေခဲ့ကြပါသည်။
အမေရိကန်ကင်ဆာအဖွဲ့ကြီး၏ ရီပို့ ကိုပြန်ကြည့်ပါ ၁၉၇၅ ခုနှစ်တွင် မွေးဖွားသူများတွင် အူအတွင်း ကင်ဆာရောဂါဖြစ်ပွားနှုန်းမှာ ၁၉၅၅ ခုနှစ်တွင် မွေးဖွားသူများထက် ၂ ဆ ကျော်ရှိခဲ့ပါသည်။ ၄င်းမှာ ၁၉၅၀ ပြည့်နှစ်တွင် မွေးဖွားသူများထက် ၄ ဆ မျှရှိပါသည်။ အခြား ကျောက်ကပ်အစား ပန်ကရိယနှင့် Bone merrow ကင်ဆာများတွင်လည်း အလားတူပြောင်းလဲမှုများကို တွေ့မြင်ကြရပါသည်။ ဤသို့ပြောင်းလဲခြင်းသည် ပါတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်းနှင့် အစားအစာတို့တွင် အပြောင်းအလဲများကြောင့်ဟု ယူဆရပါသည်။ ၂၀၂၀ က လေ့လာခဲ့သော Gastroenterology စာစောင်မှ ရီပို့တခုတွင် အူကင်ဆာမှာရောဂါမှာ လူနာ၏မိဘများ နှင့်မိသားစု၌ဖြစ်ပွားမှုမရှိကြောင်း တွေ့ရှိကြရပါသည်။
ထို့ကြောင့် သုတေသနပြုသူများအနေဖြင့် ရောဂါမှာ (Generational difference) ကြောင့် အစားအစာပြောင်းလဲမှုတွင် အခြေခံသည်ဟုမှတ်ချက်ချရပါသည်။ အစား အစာပြောင်းလဲမှု ဆိုရာတွင် ကျွတ်နေအောင်ကြော်ထားသော အစားအစာများ၊ ပြုပြင်ထားသော အစာများ၊ အဆီများသောအစာများ၊ သကြားပါသော အချိုရည်များ၊ ဖိုလစ်အက်ဆစ် (င်္Folic acid) နည်းသောအစာနှင့် အမျှင် (Fibre) များပါသော အစားအစာတို့ ဖြစ်ပါသည်။ လူများက ထိုအစားအစာများကို စားခဲ့ကြသည်မှာ ကာလကြာရှည်ကြာခဲ့ပါပြီ။ အမျှင် ပါသော အစာများကိုမှု အစားအနည်းဆုံးအစာ ဖြစ်ပြီး လူတို့ အစာခြေအတွက် အကောင်းဆုံးအစားအစာဖြစ်ပါသည်။ ယနေ့ခေတ် လူများမှာ အရက်ကို များစွာ သောက်သုံးကြပြီး ၄င်း၏ ကင်ဆာဖြစ်နိုင်ဖွယ်ရှိသည့် လက္ခဏာများမှာလည်း တိုးပွားလျက်ရှိသည်။
သိပ္ပံပညာရှင်များက မိုက်ခရိုပလပ်စတစ်များသည် ကင်ဆာရောဂါနှင့်ဆက်စပ်လျက်ရှိကြောင်း အပြော များလာကြပါသည်။ အစာထည့်သော ကွန်တိန်နာများ၊ Sythetic Chothing အဝတ်အစားများမှာ ပလပ်စတစ်များနှင့် လူတို့၏ နေ့စဉ်နေ့တိုင်း ဆက်သွယ်နေမှုများ ဖြစ်ပါသည်။
နယူးဇီလန်မှ လေ့လာချက်တခုအရ သိရသည်မှာ ဤသို့ ရောဂါများဖြစ်ပွားလာမှုသည် မိုက်ခရိုလပ်စတစ် အများကို အသုံးပြုမှု များပြားလာသည်နှင့် တိုက်ဆိုင်နေကြောင်း တွေ့ရှိရပါသည်။ ကြွက်များတွင် စမ်းသပ်မှုများမှ မိုက်ခရိုပလပ်စတစ်သည် ကျူမာများ တိုးပွားလာမှု (tumor growth) နှင့် ဆက်စပ်မှုရှိကြောင်းတွေ့ရှိရပါသည်။ သုတေသနပြုရန် လိုအပ်နေသော်လည်း ထိုအရာများတွင် ဟိုမုန်းနှင့် ကျန်းမာရေးတွင် ထိခိုက်စေသော ဓာတုပစ္စည်းများ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
(၃)
ထို့အတူ လူတစ်ယောက်၏ အသက်အပိုင်းအခြားအလိုက် ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်အရေး ရှိကြ ပါသည်။ ဥပမာ မိန်းကလေးများတွင် အချိုရည်၊ (သကြားပါသော အရည်) များကို စားသုံးခြင်းသည် အူမကြီးကင်ဆာ ဖြစ်ရန်လွယ်ကူပါသည်။ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါသည်။ ကျွန်တော်တို့ မသိသေးသောအချက်များစွာ ရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ မှန်မှန်စားသောက်ခြင်း၊ အရက်ကို မသုံးစွဲခြင်း၊ တက်ကြွသော (active) ဖြစ်သော ဘဝကို နေထိုင်ခြင်းတို့သည် ကင်ဆာရောဂါကို ကာကွယ်ရန် အရေးကြီးဆုံးနည်းလမ်းများ ဖြစ်ကြပါသည်။
ကိုးကား – Why do so many young people suddenly have cancer? When you were born is actually an important risk factor for cancer. by Dylan Scott (VOX Magazine)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar