ylliX - Online Advertising Network

NUG အချုပ်ခန်းမှ သုံ့ပန်း ၃၀ ကျော် တမူးမြို့သို့ ထွက်ပြေးရောက်ရှိ 


ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော သုံ့ပန်း ၃၄ ဦး  တမူးမြို့သို့ ရောက်သွားပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။    

သုံ့ပန်းအများစုမှာ  မေလအတွင်းက တမူးမြို့နယ်၊ မြို့သစ်မြို့ကို  တော်လှန်ရေးအင်အားစု  

တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်ချခဲ့ကြသော ရဲများ ဖြစ်သည်ဟု ဆိုသည်။ 

လွတ်မြောက်သွားသူများသည် စစ်ကောင်စီတပ် တပ်စွဲထားသော တမူးမြို့နှင့် ၁၈ မိုင်အကွာရှိ မင်းသာကျေးရွာတွင် ဦးစွာ ခိုလှုံခဲ့သည်၊ ယခုအခါ မြို့သစ်မှ မိုင် ၈၀ ခန့်ဝေးသော တမူးဘက်သို့ ရောက်ရှိသွားပြီဟု  တမူးခရိုင်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ရဲဘော် တစ်ဦးက Myanmar Now ကို ပြောသည်။  

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ဟန် ပြုလာသော ရဲတပ်သားတစ်ဦးက သုံ့ပန်းများ လွတ်မြောက်သွားရန် ကူညီပေးခဲ့သည်ဟု သူက ဆိုသည်။ 

“CDM အယောင်ဆောင် ရဲတစ်ဦးက ဒီနယ်မြေကို ကျွမ်းကျင်တော့ သူတို့ လွယ်လွယ် ထွက်ပြေးသွားကြတာ” ဟု သူက ဆိုသည်။ 

NUG ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ၏ အချုပ်ခန်းမှ ထွက်ပြေးသွားခြင်း ဖြစ်သည်။

 သည်ဟု တမူး(ပလဖ) နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း  အချုပ်ခန်းဖောက်ရန် စနစ်တကျစီစဉ်ထားခဲ့သူများထဲတွင် အဆိုပါရဲလည်း ပါဝင်သည်ဟု သိရကြောင်း

Myanmar Now သို့ ပြောသည်။

“အခုအချုပ်ခန်းဖောက်ပြေးဖို့ ဦးဆောင်သွားတဲ့ CDM ရဲ ဇေယျာထိုက်ဆိုတာက မြို့သစ်မြို့သိမ်းတိုက် ပွဲပြီးတော့မှ CDM ဝင်လာခဲ့သူဖြစ်တယ်”ဟု သူက ပြောသည်။ 

“အခုနောက်ပိုင်းဆို CDM တွေဆိုရင် ၆ လလောက် စောင့်ကြည့်မယ်ဆိုတဲ့ မူတွေရှိတယ်။ သူ့ကိုကျတော့ အဲဒီလိုစောင့်ကြည့်တာ၊ စိစစ်တာ တွေမရှိဘဲ ချက်ချင်းလက်ခံတယ်၊ တာဝန်ပေးတာတွေ လုပ်ခဲ့တယ်” 

ဇေယျာထိုက်လည်း ပျောက်ဆုံးနေသည်။



ဇေယျာထိုက်နှင့် ဆက်စပ်သော  CDM ရဲနှင့် စစ်သားတချို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု သူက ဆိုသည်။ 

NUG အစိုးရ၏ ဌာနများ၊   စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရေးလှုပ်ရှားမှုများကို ကွပ်ကဲသော PDF အမှတ် ( ၁) စစ်ဒေသ တို့က သုံ့ပန်း ၃၄ ဦး ထွက်ပြေးလွတ်မြောက်သွားခြင်း၊ တာဝန်ရှိသူတို့ကို အရေးယူခြင်းတို့နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

တော်လှန်ရေးပူးပေါင်းတပ်များ မြို့သစ်မြို့ကို သိမ်းပိုက်သည့် တိုက်ပွဲတွင် ရဲစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒုရဲအုပ် ကျော်ကျော်လွင်၊ ဒုရဲအုပ် မျိုးသန့်တို့အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၁ ဦး အလံဖြူပြကာ လက်နက်ချခဲ့သည်ဟု  အမှတ်(၁) စစ်ဒေသက မေလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *