ပေါင်၊ ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့်အမဲသားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၃၂၀၀)ကျပ်၊ ဆီတစ်ပိသာ(၈၅၀၀)ကျပ်၊ ကြက်ဥ(၄)လုံး(၁၀၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင် ၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မွန်မလေး
Join – https://t.me/MyanmarNationalPost