ylliX - Online Advertising Network

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား | Popular


နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလွတ်သဘောဆွေးနွေးပွဲသို့ ဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငိုရမ်ဖုန်၏ ဖိတ်ကြားချက်အရတက်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးဦးသန်းဆွေမှ အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသူများမှလည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများကို ဆွေးနွေးခဲ့ကြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *