အင်္ဂပူ၊ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားနေပြီ ဟူသော သတင်းများကြောင့် ဒေသခံသတင်းများ စိုးရိမ်သောက ဖြစ်နေရကြောင်း သိရသည်။
အင်္ဂပူမြို့မှ ဒေသခံတစ်ဦး က “ဓနူဖြူက လူတွေက အင်္ဂပူအတွက် စိတ်ပူနေကြတာ။ ဖုန်းတွေဆက်ပြီး ပြောနေကြတာပေါ့ဗျာ။ အင်္ဂပူမြို့နယ်ထဲမှာ PDF တွေ လှုပ်ရှားနေပြီလိုလို ဘာလိုလိုပေါ့ဗျာ။ ဘယ်က သတင်းကြားတာလဲလို့ မေးတော့ RFA က ကြေညာသွားတာ ကြားလို့တဲ့။ ဘာမှ လှုပ်ရှားမှုမရှိပါဘူးဗျာ။ ပြည်သူများ စိုးရိမ်ပူပန်အောင် သက်သက် လုပ်နေကြတာပါ။” ဟု ပြောသည်။
NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ရန် လှုံ့ဆော်ထားပြီး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ မဟုတ်/မမှန် လုပ်ကြံဖန်တီးရေးသား၍ ဒေသခံများ စိုးရိမ်သောက ရောက်အောင် ဖန်တီးလုပ်ဆောင်နေဖြင်း ဖြစ်သည်။
Join – https://t.me/MyanmarNationalPost