မူဆယ်၊ ဒီဇင်ဘာ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်လမ်းမကြီး၊ ရွှေလီမြစ်ဘေး မြို့ပတ်လမ်း၌ မီနီမာရသွန် (4km/13Km/18km) အပြေးပြိုင်ပွဲကို ယမန်နေ့နံနက် (၆) နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မီနီမာရသွန်ပြိုင်ပွဲ (4km/13Km/18km) အားကစားသမားများအတွက် စည်းကမ်းချက်များနှင့် ပြေးလမ်းကြောင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ် အားကစားမှူး ဦးမြင့်ထွေးက ရှင်းလင်းပြောကြားသည်။ ထို့နောက် မူဆယ်မြို့ အ.ထ.က (၁) ၊ အ.ထ.က (၃) ကျောင်းသား/သူများက Zumba, Finance Dance အကများဖြင့် ဧည့်ခံဖျော်ဖြေသည်။
ဆက်လက်၍ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မီနီမာရသွန်အပြေးပြိုင်ပွဲ ဂုဏ်ပြုကြိုဆို အဖွင့်အမှာစကား ပြောကြားသည်။ မူဆယ်မြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မီနီမာရသွန်အပြေးပြိုင်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း အပြေးပြိုင်ပွဲတွင် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ကိုယ်ပိုင်ကျောင်းများက ကျောင်းသား/သူများ၊ GYM အားကစား ခန်းမများက အားကစားသမားများ၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ပျော်ရွှင်မှုရရှိရေး ပါဝင်အပြေးပြိုင်ကြသည်။ မီနီမာရသွန်အပြေးပြိုင်ပွဲပြုလုပ်သည့် မြို့ပတ်လမ်းတစ်လျှောက်၌ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက အချိုရည်၊ သစ်သီး၊ ရေသန့် စသည်များကိုလည်း ပြေးလမ်းမတစ်လျှောက် စီစဉ်ဆောင်ရွက်ထားရှိ၍ ပျော်ရွှင်စွာ အားပေးခြင်းဖြင့် ဒေသခံပြည်သူများ တခဲနက် ပါဝင်ဆောင်ရွက်သည်။
ထို့နောက် မီနီမာရသွန် အပြေးပြိုင်ပွဲဝင် အားကစားသမားများအား ရပ်မိရပ်ဖ ဦးကိန်မိုင် က သေနတ်ဖေါက်၍ တာလွှတ်ပေးသည်။ တစ်ဆက်တည်း မီနီမာရသွန် အပြေးပြိုင်ပွဲဆုချီးမြှင့်ပွဲကိုကျင်းပရာ ဌာနဆိုင်ရာ(4Km) အပျော်တမ်းပြိုင်ပွဲ(အမျိုးသား) (အမျိုးသမီး) (၁ မှ ၇) အထိပန်းဝင်သူများ ၊ (4Km) အပျော်တမ်းပြိုင်ပွဲ (၁ မှ ၇၀) အထိ ပန်းဝင်သူများ ၊ (13Km) (အမျိုးသား) (အမျိုးသမီး) အပြေးပြိုင်ပွဲဝင် (၁ မှ ၅၀)အထိ ပန်းဝင်သူများ ၊ (18Km)(အမျိုးသား)(အမျိုးသမီး) အပြေးပြိုင်ပွဲဝင် (၁ မှ ၅၀)အထိ ပန်းဝင်သူများ ကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်သည်။ မီနီမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲအလိုက် ဒေသခံတိုင်းရင်းသားပေါင်းစုံ (၂၈၃၀) ဦး ဝင်ရောက်အပြေးပြိုင်ကြပြီး အပျော်တမ်းပြိုင်ပွဲ (၄)ကီလိုတွင် (၁၀၀၀) ဦးရှိပြီး ပထမဆုကို မောင်ဟိန်းဝေအောင်က လည်းကောင်း၊ ဒုတိယဆုကို မောင်ဟန်မင်းနိုင်က လည်းကောင်း၊ တတိယဆုကို မောင်မျိုးခန့်ကိုက ရရှိပြီး တစ်ဝက်ပြိုင်ပွဲ (၁၃) ကီလိုတွင် (၁၂၀၀) ဦး ဝင်ရောက်အပြေးပြိုင်ကြပြီး ပထမဆုကို စိုင်းဆိုင်ဟန်လှိုင်က လည်းကောင်း၊ ဒုတိယဆုကိုမောင်ကောင်းခန့်ဇော်က လည်းကောင်း၊ တတိယဆုကို မောင်စိုင်းလောဝ်ခေးက လည်းကောင်း၊ အပြည့်ပြိုင်ပွဲ (၁၈)ကီလိုတွင် (၆၃၀) ဦးအပြေးပြိုင်ကြပြီးပထမဆုကို မောင်မိုင်းထွန်းဦးက လည်းကောင်း၊ ဒုတိယဆုကို မောင်ဇော်ခိုင်က လည်းကောင်း၊ တတိယဆုကို မောင်ဖီးလစ်ကလည်းကောင်း ရရှိကြပြီး နယ်စပ်ဒေသမူဆယ်မြို့၌ အေးချမ်းသာယာလျက်ရှိကြောင်း သိရှိရပါသည်။
ချယ်ရီမြေ (မူဆယ်)
Join – https://t.me/MyanmarNationalPost