ylliX - Online Advertising Network

ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ချုံချင့်မြူနီစီပယ်မြို့ South West University မှ ပါမောက္ခချုပ်နှင့် Sichuan International Studies University မှ ပါတီကော်မတီအတွင်းရေးမှူး တို့သီးခြားစီတွေ့ဆုံ (၂၀-၁၂-၂၀၂၄ ရက်)


(၂၀-၁၂-၂၀၂၄၊ ချုံချင့်)

 မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်မြို့ရှိ South West University မှ ပါမောက္ခချုပ် Mr. Wang Jinjun နှင့် Sichuan International Studies University မှ ပါတီကော်မတီအတွင်းရေးမှူး Mr. Zou Yu တို့အား ၂၀−၁၂−၂၀၂၄ ရက်တွင် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ချုံချင့်မြူနီစီပယ်မြို့အကြား ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ South West University မှ ပါမောက္ခချုပ် Mr. Wang Jinjun နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး ဆိုင်ရာဖလှယ်မှုလုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ South West University မှ ပညာသင်ဆုများပေးအပ်နေမှုနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်နိုင်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် South West University တို့ အကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ယင်းနေ့ ညနေပိုင်းတွင် Sichuan International Studies University မှ ပါတီကော်မတီအတွင်းရေးမှူး Mr. Zou Yu တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရေးကိစ္စရပ်များ၊ Sichuan International Studies University မှ မြန်မာအစိုးရ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ပညာသင်ဆုများပေးအပ်နိုင်ရေးကိစ္စရပ်များ နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် Sichuan International Studies University တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

********************************************



Source link

Leave a Reply

Your email address will not be published. Required fields are marked *