ylliX - Online Advertising Network

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား


ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။

အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။

ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နှင့်ကတ်ထုတ်ပေးခြင်းကို ပြုလုပ်ပေးနေပြီး ဘတ် (၂၀) ပေးသွင်းရသည်ဟု သိရသည်။

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား တာချီလိတ်မှ မယ်ဆိုင်မြို့သို့ သွားရောက်သူတိုင်း ထိုင်းအဝင်တွင် မဖြစ်မနေ လုပ်ဆောင်ရသည့် အဖြူရောင်ကတ်များကို ယခုအခါ စနစ်သစ် ပြောင်းလဲလိုက်သည့်အတွက် ကတ်ဟောင်းပြုလုပ်သူများ အနေဖြင့် ကတ်အသစ်များကိုလည်း မဖြစ်မနေ အသစ်ပြန်လည် လုပ်ဆောင်နေရခြင်း ဖြစ်သည်။

အဖြူရောင် ကတ်များကို မြန်မာနိုင်ငံသားများသာ ပြုလုပ်ရခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံသားများလည်း တာချီလိတ်ဘက်သို့ သွားမည်ဆိုပါ မြန်မာနိုင်ငံသားများ နည်းတူ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *