ylliX - Online Advertising Network

ကျော်ဇင်ငထင် – ရန်ကုန် – ၃


Art by Than Htay Maung

ရန်ကုန် – ၃

ကျော်ဇင်ငထင်

(မိုးမခ) ဇန်နဝါရီ  ၂၊ ၂၀၂၅

စား ဝတ် လွတ်

မေးခွန်းသုံးခုပဲရှိတယ်

လမ်းထိပ်က ဟောင်ကောင် ဘဲကြီးလည်း

မဖြေနိုင်ဘူး သူ့မန်နေဂျာလည်း မဖြေနိုင်ဘူး

သူတို့က ပိတ်ရက်တွေ မရှိတတ်ဘူး

ထားပါတော့ ကိုရန်ကုန် ။ 

လိင်မှုဘဝပြန်ရဖို့

မခက်ဘူးလား …

ဟာသ ဆိုတဲ့ ဟာသကောင်တွေ ရဲ့

ကျနော် ကျမ တို့ ရဲ့ အနုပညာဟာဖြင့်

လိင်တံကြီးထွားဖို့ ကြိုးစားနေတဲ့ မြို့အတွက်ပဲ

ခွေးလို အမဲရိုးကိုက် 

တချို့က အဆိပ်သင့်  ။ 

ရန်ကုန်ကတော့ ရန်ကုန်ပါပဲ ဆိုပြီး

သူတောင်းစားတွေက … ငါတို့

ရန်ကုန်မှာ မပျော်ရွှင်တော့ဘူး

သူတို့နေရာမှာ အစားထိုးဝင်ရောက်နေတဲ့

အရမ်းအစွမ်းထက်ကြတဲ့ ကြောင်သူတော်တွေ

ရှေ့ဖြစ်ဟောဆရာတွေကြောင့်တဲ့

သူတောင်းစားတွေခွက်ပျောက်နေရတဲ့

ဒီသတင်းတွေကြောင့် ဒေါ်လာဈေးတွေပြန်ကျ 

ဘက်စ်ကားပေါ် တက်ပြေးသွားတဲ့ ဓားပြတကောင်နဲ့ 

သူကြီးသား အောင်သိုက်တို့လည်း

အလုပ်မဖြစ်တော့ရှာတဲ့ ရန်ကုန်

သူကြီးကတော့ ငါတို့ ရန်ကုန်ဟာ 

အသက်ရှုကျပ်လာပြီ 

ရန်ကုန်ကို ဓားထောက်ခံထားရပြီ

နိုးထလော့ အို!  မြန်မာတို့ တဲ့

သူကြီးနောက်လိုက် ထိုက်ကြီးတို့လည်း

ဘကြီး  ဘာဆေးမှမတိုးတော့ဘူးတဲ့

အာလူးလည်း ရှားကုန်ပြီတဲ့

မခက်ဘူးလား ရန်ကုန် 

ရန်ကုန်ဟာ ရန်ကုန်ကိုပဲ ပြန်တိုးနေကျရတဲ့ ရန်ကုန်

စစ်ကိုစစ်လို ဘယ်လို ရှောင်မလဲ

ရွှေရန်ကုန် ။ 

t.me@moemaka

#MoeMaKaMedia

#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *