ylliX - Online Advertising Network

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်


နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့သည်။

ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိယတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးဖြင့်ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ခြင်းဖြစ်သည်။

အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား ဆ ရာတော်ကြီး(၉)ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား သီရိလင်္ကာနိုင်ငံမှ ဆရာတော်တစ်ပါးအပါအဝင် ဆရာတော်(၂၀)ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား သီလရှင်ဆရာကြီးနှစ်ပါးအပါအဝင် ဆရာတော်(၂၇)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား သီလရှင်ဆရာကြီးခုနှစ်ပါးအပါအဝင် ဆရာတော်(၄၅) ပါးတို့အား ဆက်ကပ်လှူဒါန်းအပ်နှံခဲ့သည်။

ထို့ပြင် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား (၆၇)ပါး၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံ ဆိပ်တော်အား (၃)ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အား (၇)ပါး၊ အဂ္ဂမ ဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား (၅၄)ပါး၊ မဟာသဒ္ဓမ္မ‌ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား (၉၈)ပါးတို့ကိုလည်း ဆက်ကပ်လှူဒါန်းအပ်နှံခဲ့သည်။

ထို့အတူ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား (၉၅)ပါး/ဦး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ တံဆိပ်တော်အား (၁၀)ပါး၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အား (၁၁)ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အား (၂၁)ပါးတို့ကိုလည်း ဆက်ကပ်လှူဒါန်းအပ်နှံခဲ့သည်။

ထို့ပြင် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ တံဆိပ်တော်အား (၃)ဦး၊ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်အား (၁)ဦး၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆပ်တော်အား (၆)ဦး၊ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်အား (၄)ဦး၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်အား (၆)ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်အား (၅)ဦး၊ သုဓမ္မသိ င်္ဂီ ဘွဲ့တံဆိပ်တော်အား (၁၂)ဦးတို့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့သည်။

ထိုသို့ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှံခြင်းခံရသူများတွင် ပြည်ပမှဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များလည်းပါဝင်ကာ အမိန့်ကြော်ငြာစာအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *