ylliX - Online Advertising Network

အင်တာနက် ပိတ်ပင်မှုကြောင့် ၂၀၂၄ မြန်မာ့စီးပွားရေး ဒေါ်လာဘီလျံနဲ့ချီ ထိခိုက်



မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အင်တာနက် ပိတ်ပင်မှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု ပမာဏ အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁ ဒသမ ၅၈ ဘီလျံ ဆုံးရှုံးခဲ့တဲ့အကြောင်း ကမ္ဘာတဝှမ်း အင်တာနက်ပိတ်ပင်မှုနဲ့ စီးပွားရေး ထိခိုက်မှု လေ့လာဆန်းစစ်တဲ့ UK အခြေစိုက် Top10VPN အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ကမ္ဘာတဝှမ်းမှာ ၂၀၂၄ ခုနှစ်အတွင်း အစိုးရတွေရဲ့ ရည်ရွယ်ချက်ရှိရှိ အင်တာနက်ပိတ်ပင်မှုတွေ အရင်ကထက် ပိုများလာခဲ့ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ နာရီပေါင်း ၈၉၀၀၀ ကျော် ပိတ်ပင်ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက်တွေ ပိတ်ပင်ခံရတဲ့အတွက် ကမ္ဘာတဝှမ်း စီးပွားရေးအရ ဆုံးရှုံးမှုပမာဏ ဒေါ်လာ ၇ ဒသမ ၆၉ ဘီလျံ ရှိမယ်လို့ အစီရင်ခံစာက ခန့်မှန်းပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အင်တာနက်ပိတ်ပင်မှုကြောင့် စီးပွားရေးထိခိုက်မှု ဒေါ်လာ ၁ ဒသမ ၆၂ ဘီလျံရှိပြီး မြန်မာနိုင်ငံနဲ့ ဆူဒန်နိုင်ငံတွေက ဒုတိယနဲ့ တတိယနေရာမှာ ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနဲ့ အဇာဘိုင်ဂျန်နိုင်ငံတွေက နာရီအကြာဆုံး ပိတ်ပင်ကန့်သတ်တဲ့ နိုင်ငံတွေဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း နာရီ ၈၇၀၀ ကျော် ပိတ်ပင်ခဲ့တယ်လို့ အစီရင်ခံစာက ရေးပါတယ်။

အများဆုံး ပိတ်ပင်ခဲ့တဲ့ လူမှုကွန်ယက်တွေဟာ အရင်က တွစ်တာဖြစ်တဲ့ X လူမှုကွန်ယက်၊ TikTok နဲ့ Signal တို့ဖြစ်တယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *