စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မည်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၄) တွင် ကြေညာသည်။ ကူမင်းမြို့တွင်ကျင်းပမည့် တရုတ် နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်မည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများ ဖြစ်သည်ဟုဆိုသည်။ စစ်ခေါင်းဆောင်၏ ယခုတရုတ်ခရီးစဉ်မတိုင်မီတွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းလှမင်းတို့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။ ဒီမိုကရေစီလိုလားသူများ၊ နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ကြီးသည့် စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများက Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက် Think-Tank ဟုခေါ်သည့် […]
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, […]