တပ်မတော်နှင့်မျိုးချစ်များ၏ တရားသောစစ်အောင်မြင်ရေး ပြည်သူတစ်ရပ်လုံး ဝန်းရံပေးရန် စစ်ခေါင်းဆောင် စည်းရုံးတိုက်တွန်း – Ayeyarwaddy Times Source link
စစ်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာပြည်သူတွေအနေနဲ့လက်နက်ကိုင်အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တိုက်တွန်းပေးဖို့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီစနစ် လိုလားတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုနေပေမယ့် တကယ့်လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံပြီး လက်နက်ကိုင် ပဋိပက္ခတွေကို ဖန်တီးနေကာ ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုသွားပါသေးတယ်။ အာရက္ခတပ်တော် ညီနောင်မဟာမိတ်အဖွဲ့တွေ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်ချိန် စစ်တိုင်းတချို့ ကျဆုံး အဆင့်မြင့်ရာထူးကြီးတွေပါ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ရေးနိမ့်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ သူ့တပ်ဖွဲ့ဝင်တွေနဲ့ပတ်သတ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ […]
ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “၁၃ရက်နေ့ စစ်အရာရှိတွေပြေးကုန်ပြီ (၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန် ကုလထုတ်တဲ့အမိန့်ကြောင့် မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]
စစ်ကောင်စီ ဝန်ကြီးဌာနများ၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းစာရင်းအချက်လက်များသည် မြေပြင် ပကတိအခြေအနေနှင့် ကွဲလွဲမှုရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဝန်ခံပြောကြားသည်။ ယမန်နေ့ (ဒီဇင်ဘာ ၃) က နေပြည်တော်တွင် ပြုလုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ဝန်ခံပြောကြားချက်များကို စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ကိန်းဂဏန်းအချက်လက်များအရ စီးပွားရေးတိုးတက်သည့်နည်းတူ မြေပြင်အမှန်တိုးတက်ရန်လိုအပ်ပြီး အချက်လက် မမှန်ကန်ပါက စီမံကိန်းများရေးဆွဲရာတွင် မှားယွင်းနိုင်ကြောင်း၊ တိုင်းနှင့် ပြည်နယ်များရှိ စီးပွားရေးဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများက မြေပြင်အခြေအနေမှန်ကို လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ “ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်လက်များအရ သိရှိရပြီး ပြည်ပသို့ တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့်အချက် အလက်များ ကွဲလွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ဆန်နှင့်ပတ်သက်၍ နှစ်စဉ်ပိုလျှံမှုများရှိကြောင်း၊ သို့သော် […]
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၄ ICC ဖမ်းဝရမ်း လျှောက်ထားခံရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီနေ့အဖို့ အပြောများဆုံး မြန်မာသတင်း အကြောင်းအရာက နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ဖို့ ICC အဖွဲ့ရဲ့ အမှုလိုက်ရှေ့နေချုပ် ဖြစ်သူက ICC တရားရုံးထံ လျှောက်ထားလိုက်တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့် အခုလို အမှုစွဲဆိုဖို့ လျှောက်ထားရသလဲလို့မေးရင် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဆိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ အမိန့်ပေးသူ၊ တာဝန်အရှိဆုံးသူ အနေနဲ့ တရားစွဲဆိုဖို့ရာ ဖမ်းဝရမ်းထုတ်ဖို့ အမှုလိုက်ရှေ့နေ (မြန်မာအရပ်အခေါ် ဆွဲချ ရှေ့နေ၊ ရုံးအခေါ် ဥပဒေအကျိုးဆောင်) […]
သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။ “သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]
နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ၏ နည်းပညာမြို့ဖြစ်သော ချုံချင့်မြို့သို့ သွားရောက်ပြီး ဒရုန်းထုတ် လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။ Zhongyue Aviation UAV Firefighting-Drone Co.,Ltd. အမည်ရှိ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက် ပြီး ဒရုန်းပစ္စည်းများ ကြည့်ရှုနေပုံကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများကို လေ့လာခဲ့သည်ဟု ဆိုထားသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းက ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်စခန်း ရာနှင့်ချီ စွန့်လွှတ်လိုက်ရသည်အထိ အကြီးအကျယ် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းမှစတင်၍ ဒရုန်းအသုံးပြုမှုကို သိသိသာသာ အားပြု […]
စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။ နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်း ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “မင်းအောင်လှိုင် တရုတ်ပြည်ရောက်နေချိန် အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ အမေစု တွေ့ပြီ အာမခံချက်နဲ့ လွှတ်ပေးလိုက်ပြီ/ထူးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့ သတင်းဖြစ်စေ […]
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဲခေါင်ဒေသနိုင်ငံ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ၎င်းပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ယမန်နေ့ (နိုဝင်ဘာ ၇) တွင် ထိုင်းဝန်ကြီးချုပ် ပက်တန်ရှင်နာဝပ်၊ နိုဝင်ဘာ ၆ တွင် တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနေး၊ လာအိုဝန်ကြီးချုပ် ဆုန်စေးတို့နှင့် သီးခြားစီ တွေ့ဆုံခွင့် ရခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း နိုင်ငံအများအပြားက စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမရှိ၊ ကန့်သတ်ပိတ်ပင်ထားစဉ် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်လေ့ရှိသည့် အစည်းအဝေးကျင်းပသည့်နေရာသို့ စစ်ခေါင်းဆောင် သွားရောက်ပြီး ထိုသို့ တွေ့ဆုံနိုင်ခဲ့ရုံသာမက ရွေးကောက်ပွဲအစီအစဉ်အတွက် ထောက်ခံမှု ရယူနေခြင်း […]
မြန်မာ-တရုတ်နယ်စပ် ဒေသ အများစုကို တိုက်ခိုက် သိမ်းပိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များသည် နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး အတွက် အန္တရာယ်များသူများ ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က တရုတ် အစိုးရကို တိုင်တည် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်နေ့) က ကူမင်းမြို့၌ ပြုလုပ်သည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း တိုင်တော ပြောဆိုလိုက်ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြောင်း။ တရုတ်နိုင်ငံ က […]