ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မန္တလေးတိုင်း ၊ နွားထိုးကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် များ တက်ရောက်စစ်ဆေးသည့် ဒီဇင်ဘာ ၂၃ တွင် စစ်ကောင်စီက ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကျေးလက်ဒေသခံ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ညနေပိုင်းတွင် မြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၊ အမြန်လမ်းမှ မိုင် ၂၀ ကျော်အကွာ ဒေါင့်ဘိုးကျေးရွာကို တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့က ညနေ ၆ နာရီ ၂၀ ကျော်လောက်မှာ ပစ်သွားတာ၊ အိမ်ပေါ်တည့်တည့်ကို ချသွားတာ၊ အိမ်ရှင် အမျိုးသားကတော့ ခေါင်းပြတ်သွားတယ်” ဟု ထိုအမျိုးသားက ပြောသည်။ […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မြန်မာနိုင်ငံမှထွက်ရှိသော ပြောင်းများ ကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး အပြင် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ “အခုဘဏ္ဍာနှစ်စကနေ လက်ရှိအချိန် ထိ ပြည်ပကို ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့ထားပါတယ်။ အဓိက တင်ပို့တာက ထိုင်း၊ အိန္ဒိယနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကိုတင်ပို့ပါတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းကပြောသည်။ ပြည်တွင်းမှထွက်ရှိသည့် ပြောင်းများ ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ယခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ပါ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။ “လက်ရှိက ထိုင်းနိုင်ငံကိုတင်ပို့တဲ့ […]
စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်တပ်ရဲ့ eVTOL […]
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာကို ထမင်းတစ်နပ်လှူဒါန်း ရန်ကုန်၊ဒီဇင်ဘာ ၂၁ ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ The post ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာကို ထမင်းတစ်နပ်လှူဒါန်း appeared first on Khit Thit Media. Source link
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဗန်းမော်မြို့ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ KIA အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) အဖွဲ့က Drone ၊ ၈၁ မမ ၃ လုံးတို့ဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ ဖြစ်စဉ်အတွင်းမှ- ရန်သူ့ Drone ၁ စီးDrop Bomb ၆ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ Source link
တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။ ဒီစာရင်းဇယားထဲမှ High Light ထုတ် ပြောရရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက တိုက်ပွဲဖြစ်စဉ်များပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၁၈၇ ဦး ဒဏ်ရာရ ၂၂၈ ဦး)၊ မိုးမောက်မြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/PDF များ (သေဆုံးမှုအနေဖြင့် ၈ […]
There is no excerpt because this is a protected post. Source link
ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းအချိန်က ဇရပ်ကြီးမြို့နယ် သပြေညွန့်စခန်းအနီးတွင် ဝန်းကျင်လှုပ်ရှားနေသည့် စစ်ကြောင်းနှင့် KNLA တမဟ ၃ မှ အကြမ်းဖက် ၁၅ ဦးတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –(၁) အကြမ်းဖက် KNLA အလောင်း ၂ လောင်း(၂) MA-2 သေနတ် ၁ လက်(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၇ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ Source link
ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီခွဲခန့်က ပခုက္ကူမြို့နယ် ဖောင်းကွဲကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ- အကြမ်းဖက် PDF -၁ လောင်း PANZER ARMS BP 12 GUN2 12 GA BULLPUP SHOOT GUN BLACK BP12BSSBသေနတ် -၁ လက် ကျည်- ၁၁ တောင့် ကျည်အိမ် -၂ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။ Source link
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မြို့၏ အနောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူသည် အနောက်မြောက်ဘက်သို ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင်- အကြမ်းဖက် ၁ လောင်းအမ်အေ(၁) ၁ လက်ကျည်အိမ် ၁ ခုကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။ #crd Source link