ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့အား ငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ရက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိ ထားသူ လှဦး(ခ)လှမျိုး အား TOYOTA MARK X မော်တော်ယာဉ်တစ်စီးနှင့်အတူတွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားတို့အား […]
ဒီဇင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက ဒေသခံများ၏သတင်းပေးမှုအရ တနင်္သာရီမြို့၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာရှိ သိန်းခွန်ရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် ၃၀ ဦးတို့ ထိတွေ့မှု ၁၀ မိနစ်ခန့်ဖြစ်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –(၁) အကြမ်းဖက် ၁ လောင်း(၂) AK-47 သေနတ် ၁ လက်(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၈ တောင့်(၄) အိုင်ကွန် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ Source link
မိုးမခ၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၄ ၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၁) ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ဟာ မြန်မာနိုင်ငံအဖို့ ဒုက္ခတွင်းထဲ သက်ဆင်းဖို့ စတင်အကြောင်းဖန်တဲ့ နေ့လို့ ဆိုရင်မှားမယ်မထင်ပါ။ အဲဒီနေ့ အဲဒီနှစ်က စတင်ပြီး မြန်မာနိုင်ငံရဲ့ ကံကြမ္မာက အဆိုးရွားဆုံးလို့ ဆိုရမယ့် အဖြစ်အပျက်တွေ တနှစ်ပြီး တနှစ် ဖြစ်ပွားလာတာပါ။ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေက ရိုက်နှက်ဖမ်းဆီးမှု ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေနဲ့ အဆုံးသတ်ပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်ဖို့ လမ်းကြောင်းဆီ တွန်းပို့ခဲ့တဲ့ အနေအထားကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်မတိုင်ခင် မေလဝန်းကျင်က စလို့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွေအထိ တဖြည်းဖြည်း အရှိန်မြင့်တက်လာခဲ့ပါတယ်။ ကုန်ခဲ့တဲ့ […]
ဇန်နဝါရီ ၁ ရက်မှစတင်၍ ပို့ကုန်/သွင်းကုန်များအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းအား တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် ပြောင်းလဲကောက်ခံမည် – Myanmar Transparency News Source link
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၇ မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။ Source link
ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။ အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။ ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နှင့်ကတ်ထုတ်ပေးခြင်းကို ပြုလုပ်ပေးနေပြီး ဘတ် (၂၀) ပေးသွင်းရသည်ဟု သိရသည်။ မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား […]
နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၂၅ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ (၂၃)ရက်နှင့် (၂၄)ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာ များက မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်းတွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပက်သတ်၍သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများအတွင်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက် ရှိပြီး လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး […]
မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ MPTA FM Application အား မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ Application အား ပြည်သူများအနေဖြင့် ဖုန်းအသုံးပြု၍ နီးစပ်ရာ မည်သည့်စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်စျေးနှုန်းများဖြင့် လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိသိရှိနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်း Application ၌ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များတည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊ ရရှိနိုင်သည့် စက်သုံးဆီအမျိုးအစားနှင့် အရောင်းစျေးနှုန်း သတင်းအချက်အလက်များကို ထည့်သွင်းထားသည်။ ထို့ကြောင့် ၎င်း Application အား Android […]
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မန္တလေးတိုင်း ၊ နွားထိုးကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် များ တက်ရောက်စစ်ဆေးသည့် ဒီဇင်ဘာ ၂၃ တွင် စစ်ကောင်စီက ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကျေးလက်ဒေသခံ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ညနေပိုင်းတွင် မြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၊ အမြန်လမ်းမှ မိုင် ၂၀ ကျော်အကွာ ဒေါင့်ဘိုးကျေးရွာကို တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့က ညနေ ၆ နာရီ ၂၀ ကျော်လောက်မှာ ပစ်သွားတာ၊ အိမ်ပေါ်တည့်တည့်ကို ချသွားတာ၊ အိမ်ရှင် အမျိုးသားကတော့ ခေါင်းပြတ်သွားတယ်” ဟု ထိုအမျိုးသားက ပြောသည်။ […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မြန်မာနိုင်ငံမှထွက်ရှိသော ပြောင်းများ ကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး အပြင် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ “အခုဘဏ္ဍာနှစ်စကနေ လက်ရှိအချိန် ထိ ပြည်ပကို ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့ထားပါတယ်။ အဓိက တင်ပို့တာက ထိုင်း၊ အိန္ဒိယနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကိုတင်ပို့ပါတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းကပြောသည်။ ပြည်တွင်းမှထွက်ရှိသည့် ပြောင်းများ ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ယခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ပါ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။ “လက်ရှိက ထိုင်းနိုင်ငံကိုတင်ပို့တဲ့ […]