ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ် နေပြည်တော်၊ နိုဝင်ဘာ – ၂၉ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာ ကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ […]
https://www.youtube.com/watch?v=glDTJsNowYE #Daily_NewsPublished 29 November 2024 ၁။ ငါးရက်တာအတွင်း ပြင်ပရွှေဈေး ၁၂သိန်းကျော်ကျဆင်း ၂။ ထိုင်းဘတ် ၅ သန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း ၃။ စက်သုံးဆီများ အားလုံးဈေးနှုန်းမြင့်တက် ၄။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအစည်းအဝေး အဘူဒါဘီ၌ကျင်းပ… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
မော်လမြိုင်၊ နိုဝင်ဘာ ၂၇ ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ ညနေပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဦးစွာ မသန်စွမ်းပြိုင်ပွဲဝင်အားကစားသမားများ၏ အမျိုးသား၊ အမျိုးသမီး ဒူးအောက်တစ်ဖက်မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသားမီတာ(၁၀၀) လေးဘီးတပ် ဝှီးချဲ့တွန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းဆုရအားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ စည်သူ Join – https://t.me/MyanmarNationalPost Source link
https://www.youtube.com/watch?v=tE5SRKy87H4 #Daily_NewsPublished 27 November 2024 ၁။ သက်ကြီးအားကစား ကလောင်ရှင်ကြီးများကို ဂါဝရပြုကန်တော့ငွေများပေးပို့နေ ၂။ ခရစ္စမတ်အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပမည် ၃။ ပုဂံ၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည် ၄။ ကမ္ဘာအမြင့်ဆုံး ဒေါင်လိုက်မာရသွန်ပြိုင်ပွဲကြီးအား ရှန်ဟိုင်းတာဝါမျှော်စင်၌ ကျင်းပ… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
(၂၁-၁၁-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်) ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၁-၁၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and Association of Southeast Asian Nations-DASE) ၏ ၂၀၂၄-၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား မိတ်ဆက် နေ့လယ်စာစားပွဲသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲသို့ DASE အဖွဲ့ဝင် ဥရောပပါလီမန်အမတ်များ၏ […]
(၂၃-၁၁-၂၀၂၄ရက်၊ စိန့်ပီတာစဘတ်) ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီတို့ ပူးပေါင်း ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ယခုနှစ် နိုဝင်ဘာလ ၁၉-၂၀ ရက်များတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Myanmar Days in St. Petersburg အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ ပထမရက်ဖြစ်သည့် ၁၉-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းမှ စိန့်ပီတာစဘတ်အစိုးရတက္ကသိုလ် (SPbGU) နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ကျောင်းသားကျောင်းသူများအား Open Lecture တစ်ရပ် ပို့ချသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ […]
မော်လမြိုင်၊ နိုဝင်ဘာ ၂၅ ၂ဝ၂၄ ခုနှစ်၊ (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆောင်ပုဒ်နှင့်အညီ (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက […]
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၄ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၁-၁၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and Association of Southeast Asian Nations-DASE) ၏ ၂၀၂၄-၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား မိတ်ဆက် နေ့လယ်စာစားပွဲသို့ ပါဝင် တက်ရောက်ခဲ့သည်။ အဆိုပါနေ့လယ်စာစားပွဲသို့ DASE အဖွဲ့ဝင် ဥရောပပါလီမန်အမတ်များ၏ […]
ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက် နေပြည်တော် နိုဝင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီး မစ္စတာဟွေကျင်းဖန်း၏ ဖိတ်ကြားချက်အရ ထျန်းကျန်းမြို့၌ နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးညီလာခံ – ၂၀၂၄ သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Tiankai Higher Education Innovation Park သို့ သွားရောက်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဟွေကျင်းဖန်း၊ ဒုတိယဝန်ကြီးများ၊ ထျန်းကျန်းမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံအသီးသီးမှ […]
အိန္ဒိယနိုင်ငံ ဗဟိုဘဏ်မှကြီးမှူးကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဗဟိုဘဏ်များ၏ ကိုဗစ်အလွန် မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက် နေပြည်တော် နိုဝင်ဘာ ၂၃ အိန္ဒိယသမ္မတနိုင်ငံ မွန်ဘိုင်းမြို့တွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) က ကြီးမှူးကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဗဟိုဘဏ်များ၏ ကိုဗစ်အလွန် မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) မှ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ မိုဇမ်ဘစ်၊ မဒါဂတ်စကားနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အင်ဒိုနီးရှားနိုင်ငံနှင့် […]