နေပြည်တော်၊ နိုဝင်ဘာလ ၂၂ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများပြုလုပ်ကာ ပြည်ပ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီး လိမ်လည်ဆောင်ရွက်လျက် ရှိသဖြင့် ယုံမှားခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့် အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ ဆေးတက္ကသိုလ် (မန္တလေး)မှ Final Part II အား ၆-၁-၂၀၂၂ ရက်၊ ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် […]
ရန်ကုန်၊ နိုဝင်ဘာ ၂၂ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် တပ်စွဲထားကာ ကုက္ကိုကုန်းကျေးရွာအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်လာသဖြင့် ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ်ဆေးရုံသို့ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး ရွာထဲနှင့် ဆေးရုံ၌ ၂ ရက်ဆက် တပ်စွဲထားကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း […]
၁၀၂၇ စစ်ဆင်ရေးတုန်းက မသိကျိုးကျွံပြုနေခဲ့တဲ့ တရုတ်ဟာ အခုအခါ တိုင်းရင်းသားအင်အားစုတွေကို အတိုက်ရပ်ခိုင်းပြီး စစ်ကောင်စီကို တဖက်သတ် အားပေးလာတာ ဘာကြောင့်ပါလဲ။ တိုင်းရင်းသားတပ်ဖွဲ့တွေကို လုံးဝ စွန့်လွှတ်လိုက်တဲ့ သဘောလား။ Donald Trump သမ္မတ ဖြစ်လာပြီးရင်ကော အမေရိကန်အနေနဲ့ မြန်မာအပေါ် တရုတ်လွှမ်းမိုးလာတာကို တန်ပြန်နိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ီဒတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။ မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ တရုတ်က အခုလတ်တလောမှာ မြန်မာစစ်ကောင်စီပေါ်မှာ ထောက်ခံမှု့ပိုပြီးတော့ များလာတာ တွေ့ရပါတယ်။ ဒါက တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလာတယ်လို့ ပြောလို့ရမလား။ ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မူဝါဒ ပြောင်းသွားတယ်လို့တော့ […]
By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်း တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက တရားဝင် ငြင်းပယ်လိုက်ပြီး ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံမှာ ဆေးကုသမှု ခံယူနေကာ ပြန်လည်သက်သာကျန်းမာစေရန် လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက စစ်ကောင်စီနဲ့ ရှမ်းနီတပ်စခန်း ၄ ခုထက်မနည်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ စစ်ကိုင်းတိုင်း မင်းကွန်းမြို့၊ မြသိန်းတန်ဘုရားမှာ အကြမ်းဖက်စစ်တပ်က တပ်စွဲကာ အထက်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ […]
နေပြည်တော် နိုဝင်ဘာ ၁၈ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Ko Tin Htoo Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်နေ တင်ထူးအောင်အား နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျောင်းကုန်းမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ […]
တရုတ်အစိုးရက မြန်မာ့အရေး ထဲထဲဝင်ဝင် စွက်ဖက်နေတဲ့အပေါ်မှာ နိုင်ငံတကာလှုပ်ရှားမှုကြီး ဖော်ဆောင်ကာ တုံ့ပြန်သွားရေး မဟာဗျူဟာတရပ် ချမှတ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ ခင်မောင်စိုးမင်းက သတင်းပေးပို့ ထားပါတယ်။ Source link
RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။ အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပကဖ အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) […]
မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သမ္မတကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ဖုန်းဆက်ပြီးပြောတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်ကို ရာထူးက ဆင်းပေးဖို့ ၅ ရက်အချိန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း “ဒေါ်နယ်ထရမ့်လုပ်ရပ်ကြောင့် ထိတ်လန့်ကုန်ပြီ NUG သမ္မတထံဖုန်းဆက်ပြီး စစ်ရေးကူညီပေးမယ်တဲ့ မအလကို (၅)ရက်ပဲအချိန်ပေးမယ်တဲ့ဗျို့” (မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၇ ရက် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်၊ ပြင်သစ်၊ […]
ရန်ကုန်၊ နိုဝင်ဘာ ၁၅ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာတွင် စစ်တပ် အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် ကော့သောင်းမြို့မှ အကြမ်းဖက်စစ်သားနှင့်ရဲ အင်အား ၃၀ ခန့်က စက်လှေအကြီးတစ်စီးဖြင့် လက်နက်ကြီး ၂ လက်၊ အခြား လက်နက်ခဲယမ်းပစ္စည်းများ တင်ဆောင်ကာ မာရေးကျေးရွာ ရဲစခန်းသို့ အင်အားဖြည့်တင်းခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ် သား၊ ရဲနှင့် ကျေးရွာအုပ်ချုပ်ရေးများက ယင်းကျေးရွာတွင် အိမ်ထောင်စုရင်းများ လိုက်လံကောက်ယူခဲ့ကြောင်း သိရ သည်။ “ရဲစခန်းကို လက်နက်ခဲယမ်းတွေဖြည့်တယ်၊ ပြီးတော့ ရဲစခန်းကိုကာဘို့ငါးပိုက်တွေလည်း ထားခဲ့ တယ်။ ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ […]
စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မယ့် မြေပြန့်မဟာဗျူဟာထိုးစစ် ထိရောက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ဖို့အတွက် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဖိတ်ခေါ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း (Press Briefing) အစီအစဉ်”မှာ ပြောကြားခဲ့တာပါ။“တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ Chain of Command အောက်မှာ တပ်ရင်းတွေအဖြစ်နဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေရှိ သလို ကာကွယ်ရေးဝန်ကြီး ဌာနရဲ့စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီမှုနဲ့အတူ လက်တွဲ နေကြတဲ့တပ်ဖွဲ့ တွေလည်းရှိပါတယ်။ COC အောက်မှာမရှိ၊ ပူးပေါင်းဆောင်ရွက်မှု သဘော တူညီမှု ရှိမထားတဲ့ ကျန်နေသေးသော တပ်ဖွဲ့တွေနဲ့လည်း တူညီသောတော်လှန်ရေးရည်မှန်းချက် အတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း ပြောလိုပါတယ်။ […]