ylliX - Online Advertising Network
ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံကို စစ်တပ်က ဝင်ရောက် စီးနင်း တပ်စွဲပြီးနောက် စစ်လေယာဉ်ဖြင့် ဗုံးကျဲနေ၍ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ - Khit Thit Media

ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံကို စစ်တပ်က ဝင်ရောက် စီးနင်း တပ်စွဲပြီးနောက် စစ်လေယာဉ်ဖြင့် ဗုံးကျဲနေ၍ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ – Khit Thit Media


ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် တပ်စွဲထားကာ ကုက္ကိုကုန်းကျေးရွာအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်လာသဖြင့် ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ်ဆေးရုံသို့ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး ရွာထဲနှင့် ဆေးရုံ၌ ၂ ရက်ဆက် တပ်စွဲထားကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်စွဲပြီးနောက် ကုက္ကိုကုန်းရွာ အနီးကို လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အနီးအနားရှိ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ကုက္ကိုကုန်းရွာအတွင်း နေအိမ် တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ကုက္ကိုလ်ကုန်းရွာထဲမှာပဲရှိသေးတယ်။ မနေ့ကကော ဒီနေ့ကော လေယာဉ်နဲ့ ၂ ရက်ဆက် စစ်ခွေးတွေ ဗုံးကျဲတိုက်ခိုက်လို့ အနီးအနားရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်။ စစ်ကြောင်းက လမ်းရှင်းနေတာထင်တယ်။ မြေပြင် ထိတွေ့မှုတွေ ဘာမှ မရှိဘူး။ နေ့တိုင်းကို လေယာဉ်က ဗုံးလာကျဲနေတာ ပြီးတော့ စစ်ခွေးတွေ အင်အား ထပ်ဖြည့်နေတယ်။ အားလုံးပေါင်း ၄၀၀ လောက်ရှိမယ်။ ကြည့်ရတာတွေ ရွာတွေကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးမယ်ထင်တယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်အထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဆက်တိုက် ဦးတည် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့က ကျွန်းလှမြို့ပေါ်မှာ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာလည်း စစ်ကား ၃ စီးဖြင့် ကံပေါက်ရွာသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

Photo – ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)



Source link

Leave a Reply

Your email address will not be published. Required fields are marked *