မာမာ ဒီနေ့တော့ မုံလာဥ ဝယ်လာကာ မုံလာဥကို ကြက်ဥထည့်ပြီး ကြော်ပါတယ်။ ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ မုံလာဥ – မိမိနှစ်သက်သလောက် ထည့်ပေးပါ ကြက်ဥ – တစ်လုံး ကြက်သွန်နီ – အနေတော် တစ်ဥ အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ဆီ – ထမင်းစားဇွန်း ငါးဇွန်းခန့် နနွင်းမှုန့်. – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ပြင်ဆင်ပုံ မုံလာဥကို အခွံခွာပြီး ပုံပါအတိုင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး […]