(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၅ (၁) အမေရိကန်ပြည် ဂျော်ဂျီယာနယ် မြေပြန့်လယ်တောတစ်ခုဝယ် ဂျင်မီကာတာကို မွေးဖွားခဲ့သည်။ သူသည် အမေရိကန်ပြည်၏ ၃၉ ကြိမ်မြောက် သမ္မတ ဖြစ်လာပါသည်။ သူ သမ္မတဖြစ်ချိန်၌ နိုင်ငံတော်ကို ဝါးတားဂိတ်နှင့် ဗီယက်နမ်စစ်ပွဲကြောင့် နစ်နာခဲ့ရသည်များကို ကုစားပေးမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် စီးပွားရေး ယိမ်း ယိုင်ပျက်စီးလာပြီး အီရန် စစ်သွေးကြွများက အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံသားများကို ဖမ်းဆီး စီးနင်းသည့် အရေးအခင်း ပေါ်ပေါက်ခဲ့ပြီး အိမ်ဖြူတော်ကို စွန့်ခဲ့ရသူ ဖြစ်ပါသည်။ သူ၏ အသက် ၁၀၀ ပြည့်သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ အတ္တလန်တာမြို့ရှိ ကာတာစင်တာမှ သူ ကွယ်လွန်သွားကြောင်း ကြေညာခဲ့ပါသည်။ […]
ဝါသနာ တစ်ခုက လူတစ်ယောက်ရဲ့ ဘဝကို အများကြီး အပြောင်းအလဲ ဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား ? အမှန်ပါပဲ။ ဝါသနာရဲ့ စွမ်းအားက သိပ်ကြီးပါတယ်။ ဝါသနာကနေပဲ သင့်ကို ထူးခြားအောင်မြင်တဲ့ လူတစ်ယောက် အဖြစ်ကို တိုးတက်ပြောင်းလဲလာအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ရော ဘဝမှာ ဘာဝါသနာ ပါလဲဆိုတာ သိပါပြီလား ? မသိသေးရင်တော့ ကိုယ့်ရဲ့ ဝါသနာက ဘာဖြစ်မလဲဆိုတာ သိနိုင်ဖို့ အောက်ပါနည်းလမ်းတွေနဲ့ အဖြေရှာကြည့်လိုက်ပါနော်။ (၁) ငယ်ဘဝ စိတ်ဝင်စားမှုတွေကို ပြန်ကြည့်ပါ Photo : Better Up အများစုက ဝါသနာကို ငယ်ဘဝမှာ ရှာဖွေ့တွေ့ရှိ တတ်ကြပါတယ်။ ငယ်ငယ်က ကိုယ်ဘယ်လိုအရာတွေမှာ ဝါသနာပါခဲ့လဲ ပြန်တွေးကြည့်ပါ။ အနုပညာပိုင်းလား ၊ အားကစားလား ၊ […]
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။ OWIC ကတ်ကို ပထမဦးဆုံးပြုလုပ်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမည်ဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင် Visa နှင့် အခြားလိုအပ်သည့် စာရွက်စာတမ်း မူရင်းများကို တင်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ Source link
အမျိုးသားတွေ အာရုံစိုက်ကြတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အထတွေထဲမှာ သက်လုံကောင်းကောင်းနဲ့ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝနေဖို့က လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝဖို့အတွက် အခြေခံအားဖြင့် နှလုံးရဲ့ လုပ်ဆောင်ချက်က အဓိကကျပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် လိင်မှုစွမ်းရည်လည်း တိုးတက်လာစေမှာပါ။ နောက်ထပ်အမျိုးသားတို့အတွက် သက်လုံကောင်းပြီး လိင်မှု စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်းတချို့ ကိုလည်း မျှဝေပေးချင်ပါတယ်။ (၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ Photo : Men’s Health နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်တာဟာ နှလုံးကျန်းမာရေး မြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းကောင်းနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပြေးခြင်း ၊ စက်ဘီးနင်းခြင်း ကဲ့သို့ ချွေးထွက်များစေမယ့် လေ့ကျင့်ခန်းတွေ တစ်ရက်ကို နာရီဝက်လောက် လုပ်ဆောင်ပေးတာနဲ့ သင်ရဲ့ […]
ကွန်ဒုံးတွေဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အကာအကွယ် တစ်ခုပါ။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အသုံးပြုတက်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကွန်ဒုံး တွေနဲ့ ပတ်သတ်ပြီး ကွီးတို့ သတိထား ရှောင်ကြဉ်ရမယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။ (၁) သက်တမ်းလွန် ကွန်ဒုံးတွေကို မသုံးပါနဲ့ Photo : Palmetto Community Care သက်တမ်း ကုန်ဆုံးနေတဲ့ ကွန်ဒုံးတွေ လုံးဝ (လုံးဝ) အသုံးမပြုသင့်ပါဘူး။ သက်တမ်းလွန် ကွန်ဒုံးတွေဟာ အာနိသင်လျော့ကျနေပြီး အလွယ်တကူ ပေါက်ပြဲလွယ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားတာ ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရတာ စတဲ့ အခြေအနေတွေ ကြုံတွေ့ခံရနိုင်ခြေ […]
၂၀၂၄ ခုနှစ် ကွာတား ၃ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ iPhone 15 – MyTech Myanmar
Skip to content Counterpoint ရဲ့ ဈေးကွက် သုတေသန စစ်တမ်းအရ iPhone 15 ဟာ ဒီနှစ် ကွာတား ၃ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ် ဖုန်း ဖြစ်ခဲ့ပါတယ်။ iPhone 15 ရဲ့ နောက်မှာ iPhone 15 Pro Max နဲ့ 15 Pro တို့ဟာ ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။ ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Samsung က နေရာများစွာ ယူထားပြီး အများစုက Samsung ရဲ့ တန်ဖိုးနည်း Galaxy A Series တွေ ဖြစ်ပါတယ်။ Galaxy S24 ဟာ […]
Lube လို့ခေါ်တဲ့ ချောဆီ တွေဟာ ချစ်တင်းနှော ချိန်မှာ ချောမွေ့မှုရှိဖို့နဲ့ သာယာပျော်ရွှင်မှုကို တိုးစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လိင်အင်္ဂါ ခြောက်သွေ့မှုကို လျှော့ချပေးပြီး ထိုးသွင်းဆက်ဆံချိန်မှာ နူးညံ့ချောမွေ့တဲ့ အထိအတွေ့ခံစားမှုကို ရရှိနိုင်စေဖို့ ချောဆီတွေက ကူညီပေးပါတယ်။ ဒီတစ်ခေါက်တော့ ချောဆီ အသုံးမပြုခင်မှာ သိထားသင့်တဲ့ အချက်တွေကို ကွီးတို့အတွက် မျှဝေပေးချင်ပါတယ်။ (၁) ချောဆီကို လိင်အင်္ဂါဆီ တိုက်ရိုက် မလိမ်းပါနဲ့ Photo : Quanna ချောဆီကို လိင်အင်္ဂါတွေဆီ တိုက်ရိုက် မလိမ်းသင့်ပါဘူး။ ဥပမာအားဖြင့် မိန်းမကိုယ်အတွင်းကို ချောဆီ တိုက်ရိုက်ညှစ်ထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အရင်ဆုံး ပမာဏအနည်းငယ်ကို လက်ထဲကို ညှစ်ထည့်ပြီးမှ လိင်အင်္ဂါရဲ့ ပြင်ပဧရိယာကို လိမ်းကျံ အသုံးပြုတာ ပိုကောင်းပါတယ်။ (၂) […]