သျှမ်းတောင်မှ ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန်အတွက် ပအိုဝ်းပြည်သူ့စစ် (PNO) စစ်အင်အားသုံးပြီး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နယ်စပ်ဒေသရှိ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ PNO စိုးမိုးထားသည့် ပင်လောင်းမြို့ကို အခြေပြုပြီး စစ်ကောင်စီတပ်သည် ထောက်ပို့လမ်းကြောင်းအရ အရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သျှမ်းတော်တပ်ရင်း SSRY ထံမှ သိရသည်။ လက်ရှိတွင် ဖယ်ခုံမြို့မှ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၂၂) သို့ အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီ အင်အားဖြည့်တင်းထားကြောင်း သျှမ်းတော်တပ်ရင်း SSRY ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကရင်နီကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီ က […]
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ပိတ်ဆို့ခံနေရသည့် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း ၃ ခုက လက်နက် ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများသုံးကာ တိုက်ခိုက်နေပြီး မြေပြင် စစ်ကြောင်းဖြင့် ထိုးဖောက် နိုင်ရန်လည်း ကြိုးပမ်းနေသ ဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ရက် ၂၀ ခန့် ရှိပြီဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့ရှိ နယ်မြေအများစုကို ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် တွင်းငယ်ကျေးရွာ အခြေစိုက် အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ ကျောက်ကြီးရွာ အခြေစိုက် စစ်စခန်းနှင့် ခုနစ်မိုင်ကျေးရွာအခြေစိုက် လျှပ်စစ်အင်ဂျင်နီယာတပ်တို့က ဆက်လက်ခုခံနေခြင်း ဖြစ်သည်။ […]